ဒဂုံတောင် နိုဝင်ဘာ ၁၄
ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်အတွင်းရှိ ပုံမှန်ဝင်ငွေ မရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများ ကိုဗစ်ကာလအတွင်း စားဝတ်နေရေးအတွက် အထောက် အကူဖြစ် စေ ရန် နိုင်ငံတော်မှထောက်ပံ့ပေးအပ် သော စတုတ္ထ အကြိမ် မြောက်အိမ်ထောင်စုတစ်စုလျှင်ကျပ် ၄၀၀၀၀/- ထောက်ပံ့ ငွေများကို ပြည်သူများလက်ဝယ် အရောက်သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ အထွေထွေ အုပ် ချုပ်ရေး ဦးစီးဌာနတာဝန်ရှိသူများနှင့် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင်များမှ ပူးပေါင်း၍ ရပ်ကွက်အတွင်းရှိပြည်သူများ လက်ဝယ်အရောက် ဆက်လက် ထောက်ပံ့ ပေးအပ်လျက်ရှိသည်။
ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်တွင် ရပ်ကွက်(၃၂)ရပ် ကွက်ရှိပြီး ပုံမှန်ဝင်ငွေမရှိသူ အခြခံ လူတန်စား အိမ်ထောင်စု ယခင်၅၁၄၂၆ နှင့်ထပ်တိုးအိမ်ထောင်စု ၄၄၉၉၁ စုစုပေါင်း၉၆၄၁၇ ရှိရာ နိုင်ငံတော်မှအိမ်ထောင်စုတစ်စုလျှင် ကျပ် ၄၀၀၀၀/- နှုန်းဖြင့် ကျပ် ၃၈၅၆၆၈၀၀၀၀/-အား ပြည်သူများ ကိုဗစ်-၁၉ ကာလအတွင်း စားသောက်ရေး အဆင်ပြေစေရန် စတုတ္ထအကြိမ်မြောက် ထောက်ပံ့ပေးခြင်းဖြစ်ကြောင်း သိရှိရသည်။
ထိုသို့ပေးအပ်ရာတွင် မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေး ပေါ်တုံ့ပြန်ရေးကော်မတီ နာယက များဖြစ်သော ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးအေးနိုင် အမှတ် (၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးညီညီ အမှတ် (၂) တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်ဦးသိန်းနိုင် ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲအောင်နှင့် ကော်မတီဝင်ဌာန ဆိုင်ရာများမှ ရပ်ကွက်များတွင် ပူးပေါင်းကြီးကြပ်ဆောင်ရွက်ပေးခြင်းနှင့် ရရှိသူပြည် သူများ စာရင်းအား ယမန်နေ့က ရပ်ကွက်အလိုက် ကြေညာသင်ပုန်းများတွင် ကပ်ထား ကြေညာ ပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီမှ သိရသည်။
သန်းသန်းအေး (ပြန် /ဆက်)