၂၀၂၀ ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲတွင် ပါဝင်ထမ်းဆောင်ခဲ့ကြသည့် ဌာနအသီးသီးမှ ဝန်ထမ်းများအား ဂုဏ်ပြုပွဲ ကျင်းပ

ကောလင်း၊ နိုဝင်ဘာ ၁၄

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ကောလင်းမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ အထွေထွေ ရွေးကောက်ပွဲတွင် ပါဝင်ထမ်းဆောင်ခဲ့ကြသည့် ဌာနအသီးသီးမှဝန်ထမ်းများအား ဂုဏ်ပြုပွဲ အခမ်း အနားကို ယမန်နေ့ နေ့လယ် ၁၂နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဇာတိမာန် ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဌ ဦးရဲမြတ်သိန်းက အမှာစကားပြောကြားပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးဝင်းကိုကိုက ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် တာဝန်ကိုကျေပွန်စွာထမ်းဆောင်ခဲ့ကြသည့် ဌာနအသီးသီးမှ ဝန်ထမ်းများအား ကျေးဇူး တင်စကား  ပြောကြားခဲ့သည်။

ထို့နောက် တာဝန်ကိုကျေပွန်စွာထမ်းဆောင်ခဲ့ကြသည့် ဌာနအသီးသီးမှ ဝန်ထမ်းများကို ဂုဏ်ပြု လက်ဆောင်များအား မြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများက အသီးသီးပေးအပ်ခဲ့ကြသည်။

မြို့နယ်(ပြန်/ဆက်)