မိုင်းစံ၊ နိုဝင်ဘာ ၁၄
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းစံမြို့ ၌ ပုံမှန်ဝင်ငွေမရှိသောအခြေခံလူတန်းစားများ၏ အိမ်ထောင်စုများအား နိုင်ငံတော်က စတုတ္ထအကြိမ် ထောက်ပံ့ငွေပေးအပ်ခြင်းများအပေါ် ဆက်လက်ထောက်ပံ့ခြင်းများကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ယနေ့နံနက် ၉နာရီခွဲက ပြည်သူလက်ဝယ်အရောက်ထောက်ပံ့ပေးအပ်ခဲ့ပါသည်။
အဆိုပါထောက်ပံ့ငွေပေးအပ်ရာတွင် မြို့ပေါ်ရပ်ကွက် (၃) ရပ်ကွက်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားမိသားစုဝင် (၁၁၈)စုတို့အား တစ်အိမ်ထောင်လျှင်ငွေကျပ် ၂၀၀၀၀ နှုန်းအား မြို့အုပ်ချုပ်ရေးမှူး ဦးနိုင်လင်းနှင့် နယ်မြေစခန်းမှူး၊ နယ်မြေမီးသတ်စခန်းမှူး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရပ်ကွက်စာရေးများမှပြည်သူလက်ဝယ်အရောက် ပေးအပ်ခဲ့ရာတွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလူစုလူဝေး မဖြစ်စေရေးနှင့်ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်များနှင့်အညီ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
ခင်ချို (ပြန်/ဆက်)