တန့်ယန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးရေးအတွက် အရှိန်အဟုန်မြှင့် ဆောင်ရွက်နေ

တန့်ယန်း  နိုဝင်ဘာ  ၁၄

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးရေးအတွက် အရှိန်အဟုန်မြှင့်၍ ဌာနဆိုင်ရာ များ၊ လူမှုရေးအသင်းအဖွဲ့များ၊ စေတနာရှင်ပြည်သူများက ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ရာ မြို့ဝင်/မြို့ထွက် နေရာများ တွင် စစ်ဆေးရေးဂိတ်များဖွင့်လှစ်ကာ ကျန်းမာရေးစစ်ဆေးခြင်းကို အရှိန်အဟုန်မြှင့် ကြပ်မတ်ဆောင်ရွက်နေ လျက်ရှိကြသည်။

ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်တားဆီးရေးအတွက် တန့်ယန်းမြို့နယ်အတွင်းသို့ အခြားနေရာ ဒေသများမှ လာရောက်လျက် ရှိကြသူများ၊ ခရီးသွားများနှင့် မော်တော်ယာဉ်များ အားလုံးတို့ကို ကျန်းမာရေး စစ်ဆေးပေးခြင်း၊ လူ အဝင်/အတွက် ကြည့်ရှုစစ်ဆေးခြင်းအား ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဝေမိုးဦးနှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ မြို့နယ်မှ ဌာနဆိုင်ရာများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးဌာနနှင့် မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့ဝင်များ ပူးပေါင်းကာ မန်ကတ်ကျေးရွာဂိတ်တွင် အရှိန်အဟုန်မြှင့် ဆောင်ရွက်နေလျက် ရှိကြောင်း သိရသည်။

မင်းလွင်ဦး(ပြန်/ဆက်)