ပြင်စလူမြို့တွင်  စတုတ္ထအကြိမ်မြှောက် ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စုများအား အိမ်တိုင်ရာရောက် ထောက်ပံ့ငွေပေးအပ်

ပြင်စလူ နိုဝင်ဘာ  ၁၄

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ ပြင်စလူတွင်နိုင်ငံတော်အစိုးရမှ ထောက်ပံ့ ပေးအပ်သည့် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအား ရပ်ကွက်/ကျေးရွာ များတွင် ထောက်ပံ့ငွေပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းက အိမ်တိုင်ရာရောက် လိုက်လံ ထောက်ပံ့ပေးအပ်ခဲ့​ကြောင်း သိရသည်။

ထိုသို့ ထောက်ပံ့ပေးအပ်ရာတွင် မြို့ပေါ်ရပ်ကွက်အတွင်းရှိ   အိမ်ထောင်စုတစ်စုလျှင် ငွေကျပ် (၂၀၀၀၀)နှုန်းဖြင့် အိမ်ထောင်စု (၄၈၁)စုအတွက် ထောက်ပံ့ငွေ စုစုပေါင်း ကျပ် (၉၆၂၀၀၀၀) သိန်းအား  ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်ဆယ်အိမ်မှူး၊ ရာအိမ်မှူး၊ ရပ်ကွက် စာရေးများက အိမ်တိုင်ရာရောက် လိုက်လံပေးအပ်ခဲ့ကြောင်းသိရသည်။

ဇင်ဖြိုးသူ (ပြန်/ဆက်)