ဆွမ်ပရာဘွမ်မြို့နယ်အတွင်းရှိ လျှပ်စစ်မီးမရရှိသေးသောကျေးရွာ အိမ်ထောင်စုများသို့နေအိမ်သုံး Solar နှင့် ဆက်စပ်ပစ္စည်းများထောက်ပံ့လှူဒါန်းခြင်းအခမ်းအနား ကျင်းပ

ဆွမ်ပရာဘွမ်၊ နိုဝင်ဘာ   ၁၄

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့နယ်အတွင်းရှိ လျှပ်စစ်မီးမရရှိသေးသော ကျေးရွာအိမ် ထောင်စုများသို့ နေအိမ်သုံး Solar နှင့် ဆက်စပ်ပစ္စည်းများထောက်ပံ့ခြင်းနှင့်ဆွမ်ပရာဘွမ် အ-ထ-က သို့ ပညာရေးဆိုင်ရာအထောက်အကူပြုပစ္စည်းများလှူဒါန်းခြင်းအခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၂ နာရီခန့်က မြို့နယ် ဘန်ရူခန်းမ၌ ကျင်းပသည်။

အဆိုပါအခမ်းအနားတွင် ခရိုင်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးဇော်လွင်ဦးက နယ်စပ်ဒေသများဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် လမ်းတံတား၊ ပညာရေး၊ ကျန်းမာရေး၊ အိမ်ယာဆောက်လုပ်ရေး၊ သာသနာရေး၊ ရေရရှိရေး၊ စွမ်းအင်လုပ်ငန်းစသည့် လုပ်ငန်းဆပ်ကော်မတီ (၁၁) မျိုးကိုအကောင်အထည် ဖော်ဆောင်ရွက်ပေးလျှက်ရှိကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ ဆွမ်ပရာဘွမ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇာနည်တိုးက ဆွမ်ပရာဘွမ်မြို့နယ်အတွင်းရှိ လျှပ်စစ်မီး မရရှိသေးသော ကျေးရွာအိမ်ထောင်စုများသို့ နေအိမ်သုံး Solar နှင့် ဆက်စပ်ပစ္စည်းများ ထောက်ပံ့ခြင်းနှင့် ဆွမ်ပရာဘွမ် အ-ထ-က သို့ ပညာရေးဆိုင်ရာ အထောက်အကူပြုပစ္စည်းများ လှူဒါန်းပေးခြင်းအတွက် ကျေးဇူတင်စကားပြောကြားခဲ့သည်။

အဆိုပါထောက်ပံ့မှုအနေဖြင့် ခရိုင်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးဇော်လွင်ဦးက ဆွမ်ပရာဘွမ် အ-ထ-က ကျောင်းအတွက် ကွန်ပျူတာ၊ ကာလာပရင်တာ၊ မီးစက်အား မြို့နယ်ပညာရေးမှူး ဒေါ်မြင့်မြင့်စန်းထံ လွှဲပြောင်းပေးအပ်ခဲ့သည်။ ဆက်လက်၍ ဆွမ်ပရာဘွမ်မြို့နယ် အတွင်းရှိ ကျေးရွာအုပ်စု (၁၂) အုပ်စုရှိ အိမ်ထောင်စု (၇၉) အိမ်ထောင်စုအား နေအိမ်သုံး Solar နှင် ဆက်စပ် ပစ္စည်းများအား မြို့နယ်အုပ်ချုပ် ရေးမှူး ဦးဇာနည်တိုးထံ လွှဲပြောင်းပေးအပ်ခဲ့ပြီး မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တက်ရောက်လာသော ဌာနဆိုင်ရာ တာဝန်ရှိသူများက သက်ဆိုင်ရာကျေးရွာအုပ်စုရှိ အိမ်ထောင်စုများထံသို့လွှဲပြောင်းပေးအပ်ခဲ့သည်။ အဆိုပါပစ္စည်းများအား နယ်စပ်ရေးရာဝန်ကြီး ဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနကထောက်ပံ့ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း မြို့နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ သိရသည်။

ကုဋေ ( ပြန်/ဆက်)