တန့်ယန်း နိုဝင်ဘာ ၁၄
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စု များအား နိုင်ငံတော်မှ တစ်အိမ် ထောင်လျှင် ငွေကျပ်(နှစ်)သောင်းအား စတုတ္ထအကြိမ်အဖြစ် ထောက်ပံ့ ပေးအပ်ရာ ယနေ့ နံနက်ပိုင်းတွင် နမ့်ဟူးလွယ်ကာ ကျေးရွာအုပ်စု အတွင်းရှိ အိမ်ထောင်စု များအား အိမ်တိုင် ရာရောက် လိုက်လံ ထောက်ပံ့ပေးအပ်ခဲ့သည်။
တန့်ယန်းမြို့နယ်တွင် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုပေါင်း (၄၇၁၉)စုရှိရာ နမ့်ဟူး လွယ်ကာ ကျေးရွာအုပ်စုတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုပေါင်း (၄၀)ကို တစ်အိမ်ထောင်လျှင် ငွေကျပ်(နှစ်)သောင်းနှုန်းဖြင့် မြို့နယ်ရဲတပ်ဖွဲ့မှူး (ကိုယ်စား) ဒု-ရဲမှူးမြင့်စိုးနှင့် တာဝန် ရှိသူတို့က နမ့်ဟူးလွယ်ကာကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးစိုင်းဆန်ထွန်းနှင့်အတူ အိမ်တိုင်ရာရောက် ထောက်ပံ့ ပေးအပ်ခဲ့ကြကြောင်း သိရသည်။
မင်းလွင်ဦး (ပြန်/ဆက်)