ရန်ကုန် နိုဝင်ဘာ ၁၄
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု မရှိစေရန်နှင့် ကြိုတင်ကာ ကွယ်နိုင်စေရန် ရည်ရွယ်၍ အထွေထွေရောဂါကုဆေးရုံကြီး(အင်းစိန်)သို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးသုံး ပစ္စည်းများနှင့် အလှူငွေ များကို ယမန်နေ့ နံနက်ပိုင်းက အထွေထွေရောဂါ ကုဆေးရုံကြီး (အင်းစိန်) တွင် အလှူရှင်များက အသီးသီး လှူဒါန်းခဲ့ကြောင်း သိရသည်။
အင်းစိန်ဆေးရုံကြီးသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ကုသရေး လုပ်ငန်းစဉ်များတွင် အသုံး ပြုနိုင် စေရန် မနှင်းပွင့်ဖြူမှ အလှူငွေ(၁)သိန်း၊ ဒေါက်တာ ရဲမြင့်မောင်+ဒေါက်တာယုယုနိုင် မိသားစုမှ ငွေကျပ် (၃) သိန်းတန်ဖိုးရှိ Acyclic Cover Stand၊ ဦးရဲမြင့်အောင်+ဒေါ်သဉ္ဇာလှိုင် မိသားစုမှ ငွေကျပ်(၁)သိန်း တို့ကိုအလှူရှင်များက အထွေ ထွေရောဂါ ကုဆေးရုံကြီး(အင်းစိန်)သို့ အသီးသီး လှူဒါန်းရာ အင်းစိန် အထွေ ထွေရောဂါ ကုဆေးရုံကြီးမှ တာဝန် ရှိသူများက လက်ခံရယူခဲ့ပြီး ကျေးဇူး တင် စကားပြန်လည် ပြောကြားကာ ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့သည်။
အင်းစိန်မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရ သည်။
ဇွဲထက်ကို(ပြန်/ဆက်)