ပေါက်ခေါင်း နိုဝင်ဘာ ၁၄
ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပေါက်ခေါင်းမြို့နယ်ပြည်သူ့ဆေးရုံတွင် တက်ရောက်ကုသမှု ခံယူနေသာ ကိုဗစ်-၁၉ ပိုးတွေ့ အတည်ပြုလူနာ (၃) ဦးမှာ ကျန်းမာရေး ပြန်လည်ကောင်းမွန်လာပြီဖြစ်၍ ယနေ့နံနက်က ဆေးရုံမှ ဆင်းခွင့်ပြုခဲ့ကြောင်း သိရသည်။
အဆိုပါ ပိုးတွေ့လူနာ(၃)ကို ရောဂါပိုးစတင်တွေ့ရှိသည့်ရက်နေ့မှစ၍ ပေါက်ခေါင်းမြို့နယ် ပြည်သူ့ဆေးရုံ သီးသန့်ဆောင်တွင် ထားရှိပြီး ဆေးကုသဆောင်ရွက်ပေးလျက်ရှိရာ သတ်မှတ်ကာလ ရက်ပြည့်မြောက်သည့် အချိန်တွင် ကောင်းမွန် သဖြင့် ဆေးရုံမှ ဆင်းခွင့်ပြုခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ဆေးရုံဆင်းခွင့်ရရှိသူများအား မြို့နယ်ဆရာဝန်ကြီး ဒေါက်တာသိမ့်သိမ့်ထွန်းနှင့် ကျန်းမာရေး ဝန်ထမ်းများက ရောဂါ ပျောက်ကင်းကြောင်း လက်မှတ်များ ပေးအပ်ခဲ့ပြီး တာဝန်ရှိသူ တစ်ဦးက Stay Home နေရမည့် စည်းကမ်းချက်များအား ဖတ်ကြားရှင်းလင်းခဲ့ကာ ပေါက်ခေါင်းမြို့နယ် ပရဟိတ နာရေးကူညီမှုအသင်းနှင့် ကရုဏာရောင်ခြည်ပရဟိတ အသင်းတို့မှ ကားများဖြင့် အိမ်အရောက်ပို့ ဆောင်ပေးခဲ့ကြောင်းသိရသည်။
ပေါက်ခေါင်းမြို့နယ်တွင် ကိုဗစ်-၁၉ ပိုးတွေ့လူနာ(၃)ဦးထပ်မံတွေ့ရှိရာ အဆိုပါ (၃)ဦးလုံး ရောဂါပျောက်ကင်း၍ ဆေးရုံမှ ဆင်းခွင့်ပြုခဲ့ကြောင်း သိရသည်။
သန်းထွန်းအောင်(ပြန်/ဆက်)