စေတုတ္တရာ နိုဝင်ဘာ ၁၄
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်တွင် ၂၀၂၀ပြည့်နှစ် နိုဝင်ဘာလ ၈ရက် နေ့တွင် ကျင်းပသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် လုံခြုံရေးတာဝန် ထမ်းဆောင်ခဲ့သော အထူးရဲတပ်ဖွဲ့ဝင်များအား ဂုဏ်ပြုမှတ်တမ်း လွှာများ ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်(၉)နာရီ အချိန်က မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကျော်သူစိန်က စေတုတ္တရာမြို့နယ်တွင် ၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပြီဖြစ်၍ မြို့နယ်အတွင်းရှိ မဲရုံများ လုံခြုံရေးအတွက် မြို့နယ်ရဲတပ်ဖွဲ့ဝင်များနှင့် အထူးရဲ တပ်ဖွဲ့ဝင်များအား တာဝန်ကျေပွန်စွာ ထမ်းဆောင် ခဲ့သောကြောင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ အထူးရဲတပ်ဖွဲ့ဝင်များအား ဂုဏ်ပြုမှတ်တမ်း လွှာများ ပေးအပ်ရခြင်း ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ၂၀၂၀ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပသည့် ပါတီစုံဒီမိုကရေစီ အထွေထ ွေရွေးကောက်ပွဲတွင် မြို့နယ် အတွင်းရှိ မဲရုံ(၆၉)ရုံ၌ လုံခြုံရေးတာဝန် ထမ်းဆောင်ခဲ့သော အထူး ရဲတပ်ဖွဲ့ဝင်(၆၉)ဦးအား မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ဂုဏ်ပြုမှတ်တမ်းလွှာများအား ပေးအပ်ခဲ့ကြောင်း သိရသည်။
စည်သူလွင်(ပြန်/ဆက်)