မြောက်ဥက္ကလာပ နိုဝင်ဘာ ၁၄
ကိုဗစ်-၁၉ ကာလအတွင်း စားဝတ်နေရေး အဆင်ပြေစေရန် ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်း ခရိုင်၊ မြောက်ဥက္ကလာပမြို့နယ် စည်ပင် သာယာရေးကော်မတီ စီမံခန့်ခွဲမှုအောက်ရှိ စည်ပင် သာယာ ဝန်ထမ်းများအား TROCAIRE International နှင့် Youth Social Group(YSG) အဖွဲ့တို့မှ ပူးပေါင်း၍ ယမန်နေ့ နံနက်ပိုင်းက ဆန်၊ ဆီနှင့် အခြေခံစားသောက်ကုန်များ လှူဒါန်းခဲ့ကြောင်း သိရသည်။
ထို့သို့ လှူဒါန်းရာတွင် မြို့နယ်စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ ဦးအောင်ဇေမိုး ကြီးကြပ် မှုဖြင့် သန့်ရှင်းရေး တာဝန်ခံ ရုံးဝန်ထမ်းများ ယာ/အုံ ရေသန့်ကျန်းမာရေး စီမံရေးရာ ဝန်ထမ်းများအား ဆန်(၈)ပြည်၊ ဆီ(၅၀)ကျပ်သား၊ ဆား(၁)ထုတ်၊ ကာဘော်လစ်(၂) တောင့်၊ ကုလားပဲ (၅၀) သား၊ နှာခေါင်းစည်း Mask (၂၅)ခု၊ Face shield (၂)ခုကို ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီTROCAIRE International နှင့် Youth Social Group(YSG) အဖွဲ့တို့မှ ပေးအပ်ခဲ့ကြောင်း သိရသည်။
မြမြဝင်း(ပြန်/ဆက်)