အင်းစိန်မြို့နယ်၌ ဈေးကားများဖြင့် သား၊ ငါး၊ ဟင်းသီးဟင်းရွက်များနှင့် စားသောက်ကုန် ပစ္စည်းများအား ဈေးနှုန်းသက်သာစွာ ရောင်းချပေး

ရန်ကုန်          နိုဝင်ဘာ        ၁၄

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေ စဉ် ကာလအတွင်း ပြည်သူများ စားရေး သောက်ရေး အဆင်ပြေစေရန်၊ ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူ စားသုံးနိုင်စေရန်၊ ဈေးများသို့ သွားရောက်၍ ဝယ်ယူစရာမလိုဘဲ စာသုံးနိုင်စေရန်နှင့် သန့်ရှင်းလတ် ဆတ်သော သား၊ငါး၊ဟင်းသီးဟင်းရွက်များ၊စားသောက်ကုန်များအား ဝယ်ယူစားသုံးနိုင်စေရန် ရည် ရွယ်၍ ယမန်နေ့ နံနက်(၇)နာရီအချိန်မှစတင်ကာ ကြို့ကုန်းအရှေ့ရပ်ကွက်၊မဟာသုခိတာလမ်းနှင့် ရွာမစည်ပင်ရိပ်သာတို့တွင် ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချခဲ့ကြောင်း သိရသည်။

ရောင်းချရာတွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီနှင့် ပြည်ထောင်စု မြန်မာ နိုင်ငံ ကုန်သည်များ နှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် ညီနောင်အသင်းများမှ ပူးပေါင်း ဆောင်ရွက်သော အင်းစိန်မြို့နယ်အတွင်းရှိ လူသွား လူလာများ တတ်သောနေရာများသို့ ဈေးကားများဖြင့် သွားရောက်၍ ရောင်းချပေးရာတွင် ကြက်သား၊ ဝက်သား၊အမဲသား၊ ဆိတ်သား၊ ရေချို/ရေငန် ငါးအမျိုးမျိုး၊ကြက်ဉ၊ဟင်းသီးဟင်းရွက်များနှင့်စား သောက်ကုန်ပစ္စည်းများ စသည်တို့ကို လူတန်းစား မရွေး ဝယ်ယူနိုင်သည့် အလေးချိန်များနှင့် ဈေးနှုန်း သက်သာစွာဖြင့် ရောင်းချပေး ခဲ့ကြောင်း သိရသည်။

ထို့သို့ ရောင်းချရာတွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်နိုင်ရေးအတွက် အင်းစိန်မြို့ နယ်၊ စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌဦးသိန်းသန်း၊ အတွင်းရေးမှူး EO ဦးဝင်းနိုင်နှင့် ဝန်ထမ်းများက ဦးဆောင်၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် လမ်းညွှန်ချက် များနှင့် အညီ ရောင်းချပေးခဲ့ကြောင်း သိရသည်။

ဇွဲထက်ကို(ပြန်/ဆက်)