ကြံခင်းမြို့မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ လုပ်ငန်းလိုင်စင်ချထားပေးသော စားသောက်ဆိုင်၊ လက်ဘက်ရည်ဆိုင်၊ ထမင်းဆိုင် များအား ထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့်အညီ လိုက်နာမှု ရှိ/မရှိ စစ်ဆေး

ကြံခင်း နိုဝင်ဘာ ၁၄

ဧရာဝတီတိုင်းဒေသကြီး ကြံခင်းမြို့မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ လုပ်ငန်းလိုင်စင် ချထားပေးသော စားသောက်ဆိုင်၊ လက်ဘက်ရည်ဆိုင်၊ ထမင်းဆိုင်များအား ထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့်အညီ လိုက်နာမှု ရှိ/မရှိ စစ်ဆေးခြင်းကို ယမန်နေ့နံနက်ပိုင်းက ကြံခင်းမြို့အတွင်းရှိ ဈေးဆိုင်များနှင့် မြို့မဈေးတို့တွင် စည်းကမ်း ထိန်းသိမ်းရေးအဖွဲ့က စစ်ဆေးခဲ့ကြ ကြောင်း သိရသည်။

ထိုသို့ စစ်ဆေးခြင်းသည်အခြေခံ စားသောက်ကုန်ပစ္စည်းများနှင့် ဆေးဝါးပစ္စည်းများ ရောင်းချလျက်ရှိသည့် ဆိုင်များအား စက်တင်ဘာ (၂၁) ရက်နေ့မှ စပြီး ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုများပြားလာသည့် တွက်ကူးစက်ပျံ့နှံ့မှုအန္တရာယ်မှ ကင်းဝေးစေရန် နေ့စဉ်နံနက် (၆) နာရီမှ နေ့လယ် (၇) နာရီအထိ ပါဆယ်စနစ်ဖြင့် ရောင်းချမှု ရှိ/မရှိ၊ ဆေးဝါးပစ္စည်း ရောင်းချ လျက်ရှိသော ဆိုင်များအား ည(၈)နာရီအချိန်ထိ ဖွင့်လှစ်ရောင်းချနေမှုအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းချက်များကို လိုက်နာ ရောင်းချနေမှု ရှိ/မရှိ စစ်ဆေးခဲ့ကြောင်းနှင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံမှုမရှိစေရန် အထူး ကြပ်မတ် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါ စစ်ဆေးခြင်းကို မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီအဖွဲ့ဝင် သက်ဆိုင်ရာ ဌာနဆိုင်ရာမှ တာဝန်ရှိသူများက ပူးပေါင်းကြပ်မတ ်စစ်ဆေးခဲ့ကြကြောင်း သိရသည်။

မိုးမိုး(ပြန်/ဆက်)