အင်္ဂပူ နိုဝင်ဘာ ၁၄
ကိုဗစ်-၁၉ ကာလ အတွင်းပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအား စားဝတ်နေရေး သက်သာချောင်ချိစေရန် အတွက် စတုတ္ထအကြိမ်နိုင်ငံတော်မှ ထောက် ပံ့ငွေများ ထောက်ပံ့ခြင်းကို ယမန်နေ့ နေ့လည် ၁ နာရီ အချိန်က အင်္ဂပူမြို့ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင်မြို့နယ် စီမံခန်ခွဲမှုကော်မတီ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲရင့်လှိုင်က အမှာစကားပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်အုပ်ချုပ်ရေးမှူးမှ ထောက်ပံ့ငွေများကို ပေးအပ်ရာ ဒေသတာဝန်ခံများနှင့် ရပ်ကျေးအုပ်ချုပ်ရေးမှူးများက လက်ခံရယူခဲ့ပြီး ဒေသ တာဝန်ခံများက ဒေသအလိုက် ကျေးရွာအုပ်ချုပ်ရေးမှူးများအား ထုတ်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားတွင် အင်္ဂပူမြို့နယ်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူ တန်းစား အိမ်ထောင်စု တစ်စုလျင် (၂၀၀ ၀၀) ကျပ်နှုန်းဖြင့် အိမ်ထောင်စ (၂၈၄၇၈) စုအတွက် ထောက်ပံ့ငွေ (၅၆၉၅၆၀၀၀၀) ကျပ်ထောက်ပံ့ခဲ့ကြောင်းနှင့် ထောက်ပံ့ငွေများကို ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့်တာ ဝန်ရှိသူများက ပုံမှန်ဝင်ငွေမရှိသော အခြေခံလူ တန်းစား အိမ်ထောင် စုများ လက်ဝယ်အရောက် ဆက်လက်ထောက်ပံ့ပေးမည်ဖြစ်ကြောင်း သိရသည်။
မန်းကျော်(ပြန်/ဆက်)