ကြံခင်း နိုဝင်ဘာ ၁၄
ဧရာဝတီတိုင်းဒေသကြီး၊ ကြံခင်းမြို ့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ပြည်သူ့စာကြည့်တိုက်တွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေစဉ် ကာလအတွင်း ပြည်သူများ အသိပညာ ဗဟုသုတ ရရှိစေရန် ယခုတစ်ပတ်တွင်လည်း ကလေးများအတွက် ပုံပြောခြင်း အစီအစဉ်ကို ယနေ့နံနက်ပိုင်းက ခေါင်တူးစာပေနှင့် ယဉ်ကျေးမှုကော်မတီမှ ရေးသားပြုစုသည့် အိမ်မြှောင်နဲ့ တောက်တဲ့ဆိုတဲ့ ပုံပြင်လေးကို ရိုက်ကူးပြီး Online မှလွှင်တင်ပေးမှာဖြစ်ကြောင်း သိရသည်။
ကြံခင်းမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားစဉ်ကာလအတွင်း စာကြည့်တိုက်များ ခေတ္တပိတ်ထားစဉ် ပြည်သူများ အသိပညာဗဟုသုတ ရရှိစေရန် ရည်ရွယ်ပြီး Online မှ စာအုပ်မိတ်ဆက်ခြင်း၊ ပုံပြောခြင်း၊ ကဗျာရွတ်ခြင်းများကို အပတ်စဉ် ရိုက်ကူး တင်ဆက်ပေးလျက်ရှိကြောင်းနှင့် ကြံခင်းမြို့ ပြည်သူ့စာကြည့်တိုက် Facebook Page တွင် အပတ်စဉ် တင်ဆက်ပေးလျက်ရှိကြောင်း သိရသည်။
မိုးမိုး(ပြန်/ဆက်)