ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် အပြင်ထွက်တိုင်း နှာခေါင်းစည်း (Mask) တပ်ဆင်ရန် စည်းကမ်း ထိန်းသိမ်းရေး အဖွဲ့မှ နေ့စဉ်ကြပ်မတ် စစ်ဆေး

ကွမ်းခြံကုန်း နိုဝင်ဘာ ၁၄

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်ကွမ်းခြံကုန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် စည်းကမ်းထိန်းသိမ်းရေးအဖွဲ့က မြို့မဈေးကြီး အတွင်းနှင့် လူအများ သွားလာရာ ဗိုလ်ချုပ် လမ်းမကြီးပေါ်တွင်  နှာခေါင်းစည်း (Mask) တပ်ဆင်လာခြင်း မရှိသူများအား အသိပညာပေးခြင်း၊ စည်းကမ်းမလိုက်နာသူများအား ဒဏ်ကြေးငွေပေး ဆောင်စေခြင်းဖြင့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးနည်းလမ်းများကို အလေးထား လိုက်နာမှုရှိစေရန် နေ့စဉ် အရှိန်အဟုန်မြှင့် ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့မဈေးကြီးအတွင်း ဈေးရောင်းချသူ ဈေးဝယ်သူများနှင့် မြို့လယ် ဗိုလ်ချုပ် လမ်းမကြီးပေါ်တွင် သွားလာနေသူ များ၊ စက်ဘီး၊ ဆိုင်ကယ်၊‌ အနှေးယာဉ်၊ မော်တော် ယာဉ်များပေါ်တွင်  စီးနင်းလိုက် ပါလာသူများအား ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသောကို ဗစ်- ၁၉ ရော ဂါ  ကာကွယ်ရေး စည်းကမ်းချက်များကို အလေး ထား လိုက်နာကြရန် အသိပညာပေး နှိုးဆော်ခြင်း၊ အပြင်ထွက်လာသူတိုင်းအား Mask တပ်ဆင်ထားခြင်း မရှိပါက  ဒဏ်ကြေးငွေ (၂၀၀) ကျပ် ပေးဆောင် စေပြီး (Mask)  တစ်ခုပေး၍ ချက်ချင်း  တပ်ဆင်‌စေပြီး အသိပညာပေးခြင်းများကို   စည်းကမ်းထိန်းသိမ်းရေး အဖွဲ့ဝင် များက ဆောင်ရွက်ခဲ့ကြသည်။

ထွန်းထွန်းစိုး(ကွမ်းခြံကုန်း)