ဝိုင်းမော် နိုဝင်ဘာ ၁၄
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ်အတွင်းရှိကျေးရွာများတွင် စတုတ္ထအကြိမ်မြောက် နိုင်ငံတော်အစိုးရမှ ထောက်ပံ့ပေးအပ်သည့် ပုံမှန်ဝင်ငွေမရှိသောရပ်ကွက်/ကျေးရွာ အခြေခံလူတန်းစားများအား ထောက်ပံ့ငွေပေးအပ်ခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီက အိမ်တိုင် ရာရောက် လိုက်လံထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ ထောက်ပံ့ပေးအပ်ရာတွင် မဒိန်၊ နန့်ဝါ၊ ဝူယန်၊ ဝါရှောင်ကျေးရွာရှိ တစ်အိမ်ထောင်လျှင် ငွေကျပ်(၂၀၀၀၀)နှုန်းဖြင့် အိမ်ထောင်စု (၁၈၇၄) စုအတွက် စုစုပေါင်းငွေကျပ် (၃၇၄၈၀၀၀၀) သိန်းကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်း၊ သက်ဆိုင်ရာဌာနဆိုင်ရာများ၊ ကျေးရွာ အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးများက အိမ်တိုင်ရာရောက်လိုက်လံ ပေးအပ်ခဲ့ကြောင်း နှင့် ထောက်ပံ့ပေးအပ်ရန်ကျန်ရှိသော ရပ်ကွက်/ ကျေးရွာအိမ်ထောင်စု (၅၅၇၂) စု အတွက် ငွေကျပ် (၁၁၁၄၄၀၀၀၀) သိန်းကိုလည်း အိမ်တိုင်ရာရောက် ထောက်ပံ့သွားမည်ဖြစ်သည်။
ကိုဗစ်-၁၉ ကာလမှာ နိုင်ငံတော်မှယခုလို ငွေကြေးထောက်ပံ့မူအတွက် အထူးပင် ဝမ်းသာမိ ကြောင်း၊ မြန်မာနိုင်ငံအတွင်းရှိ ပြည်သူပြည်သားများအားလုံး ကိုဗစ်-၁၉ ရောဂါ ကင်းဝေးပါစေလို ကြောင်းကို ပြည်သူ တစ်ဦးမှဆုတောင်းစကားပြောကြားခဲ့သည်။
ခိုင်သက်မွန်(ပြန် /ဆက်)