ဆိပ်ကြီးခနောင်တိုမြို့နယ်၌ နေအိမ်ပြင်ပထွက်သူတိုင်း (Mask) စနစ်တကျ တပ်ဆင်ရေး ကြပ်မတ် စစ်ဆေး

ဆိပ်ကြီးခနောင်တို နိုဝင်ဘာ ၁၄

ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီး ခနောင်တိုမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး  လုပ်ငန်းများကို  အချိန်နှင့် တစ်ပြေးညီ အရှိန်အဟုန်မပြတ် ဆောင်ရွက်လျက်ရှိ ပြီး ယနေ့ နံနက် ပိုင်းမှစ၍ စ၍  မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ် စည်ပင်သာယာရေး ကော်မတီ၊မြို့နယ် ရဲတပ်ဖွဲ့၊ မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များ ပါဝင်သည့် ပူးပေါင်းအဖွဲ့မှ နေအိမ်ပြင်ပထွက်သူတိုင်း အကာအကွယ် Mask စနစ်တကျ တပ်ဆင် ပါရှိရေး ကို အထူးကြပ်မတ်စစ်ဆေး ဆောင်ရွက်လျက် ရှိသည်။

ထိုသို့ စစ်ဆေးဆောင်ရွက်ရာတွင်် မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူး ဦးအောင်ဇော်မိုး၊ မြို့နယ် မီးသတ်ဦးစီးဌာန ဒုတိယ ဦးစီးမှူး ဦးထွန်းထွန်းအောင် တို့ဦးဆောင်၍ မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ စည်ပင် သာယာရေး ဝန်ထမ်းများ ပါဝင်သည့် ပူးပေါင်း အဖွဲ့တို့မှ  မြို့နယ် အတွင်းရှိမြို့မဈေး၊ စက်တပ်ရေယာဉ် (သမ္ဗန်ဆိပ်) အနီး၊ ဗဟိုလမ်း၊ ရှုခင်းသာမြို့ပတ်လမ်းနှင့် အခြား နေရာများတွင်  ဈေးရောင်း၊ ဈေးဝယ်ပြည်သူများ၊ အကြောင်းအမျိုးမျိုးဖြင့် နေအိမ်ပြင် ပ သွားလာသူများအား ပါးစပ်နှင့် နှာခေါင်းစည်း အကာအကွယ် Mask စနစ်တကျတပ်ဆင်ပါရှိရေးကြပ်မတ် စစ်ဆေးခြင်း နှင့် အကာအကွယ်  Mask မပါရှိသူများအား စစ်ဆေး‌‌ တွေ့ရှိပါက ဒဏ်ငွေ ဆောင်စေပြီး Mask တစ်ခုပေးကာ ချက်ချင်း စနစ်တကျ တပ်စေခြင်း၊  ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး အတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များအား ပညာပေး ပြောကြားခြင်းတို့ကို ဆောင်ရွက်လျက်ရှိ‌ကြောင်း သိရသည်။

ဝေယံ (ဆိပ်ကြီးခနောင်တို)