လှိုင်းဘွဲ နိုင်ဝင်ဘာ ၁၄
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဦးဆောင်ကျင်းပသော (၃၂) နှစ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အဖြစ် သံဃာတော် များအား ဆွမ်းဆပ်ကပ်လှူဒါန်းခြင်းကို ယမန်နေ့က တောရဘုန်းတော်ကြီးကျောင်းတွင် ကျင်းပ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ လှိုင်းဘွဲမြို့ တောရဘုန်းတော်ကြီးကျောင်းတွင် ဆွမ်းဆပ်ကပ်လှူဒါန်းပြီး ဆရာ တော်ဘုရားထံ ငါးပါးသီလခံယူ ဆောက်တည်ခြင်း၊ သံဃာတော်များက မင်္ဂလာသုတ်ပရိတ်တရား တော်ချီးမြှင့်ခြင်း၊ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်းနှင့် ရေစက်ချအမျှပေးဝေခဲ့သည်။
ထို့နောက် မြို့နယ်အုပ်ချုပ်ရေးမှူးဦးမင်းသိန်းက စာရေးဝန်ထမ်းများအား လိုအပ်သည်များ မှာကြားပြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဖြစ်ပေါ်လာပုံသမိုင်းကြောင်းအား ရှင်းလင်းပြော ကြားပြီး ကံစမ်းမဲ များလည်း ဖောက်ပေးခဲ့ကြောင်း သိရသည်။
ဖိတ်ကြားထားသော ဌာနဆိုင်ရာအကြီးအကဲများနှင့် စာရေးဝန်ထမ်းများ၊ လွှတ်တော်ကိုယ် စားလှယ် များ၊ ပုဂ္ဂလိကအဖွဲ့အစည်းများနှင့်အတူ ညနေ ၆ နာရီအချိန်တွင် ညစာစားပွဲများကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များနှင့်အညီ ကျင်းပ ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။
ခင်စန်းမြင့်(ပြန်/ဆက်)