မြန်အောင် နိုဝင်ဘာ ၁၄
မေတ္တာဖွံံဖြိုးရေးဖောင်းဒေးရှင်းနှင့် Light House Social Development Organization, Ayarwaddy တို့မှ မြန်အောင်မြို့နယ်အဆင့် Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ၊ မြန်အောင်၊ သပြေကုန်း၊ အင်ပင် Quarantine Center များသို့ တစ်ကိုယ်ရည်သုံးပစ္စည်းများ၊ PPE ဝတ်စုံများ၊ N95 များ ကို ယမန်နေ့နံနက်က မြန်အောင်ပြည်သူ့ဆေးရုံ အထောက်အကူပြုရုံးခန်းတွင် ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
မေတ္တာဖွံ့ဖြိုးရေးဖောင်းဒေးရှင်းနှင့် Light House Social Development Organization, Ayarwaddy တို့မှ တာဝန်ခံ ဒေါ်ခိုင်ဇာလွင်၊ ဦးဇင်လင်းမောင်တို့က မြန်အောင်မြို့နယ်အဆင့် Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ၊ မြန်အောင်၊ သပြေကုန်း၊ အင်ပင် Quarantine Center များသို့တစ်ကိုယ်ရည်သုံးပစ္စည်းများ၊ PPE ဝတ်စုံများပေးအပ်လှူဒါန်းရာ Quarantine Center Officer ဒေါက်တာတေဇာစိုးနိုင်နှင့် Quarantine Center မှတာဝန်ရှိသူများက လက်ခံရယူခဲ့သည်။
ဆက်လက်၍မေတ္တာဖွံံဖြိုးရေးဖေါင်းဒေးရှင်းနှင့် Light House Social Development Organization, Ayarwaddy မှ မြန်အောင်မြို့ မေတ္တာရှင်သွေးလှူအဖွဲ့အတွက် PPE ဝတ်စုံ(၁၀)စုံနှင့် N95 နှာခေါင်းစည်းများ လှူဒါန်းခဲ့ကြောင်း သိရသည်။
ဝင်းဗိုလ် (ပြန်/ဆက်)