မေတ္တာမြို့ တောင်သုံးလုံးကျေးရွာအုပ်စုတွင် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအားထောက်ပံ့ငွေ ပေးအပ်

မေတ္တာ၊   နိုဝင်ဘာ   ၁၄

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ မေတ္တာမြို့၊ တောင်သုံးလုံးကျေးရွာအုပ်စုရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအား ယမန်နေ့ နံနက်ပိုင်းက ထောက်ပံ့ငွေပေးအပ်ခဲ့ကြောင်းသိရသည်။

ထိုသို့စတုတ္ထအကြိမ် နိုင်ငံတော်အစိုးရမှ ထောက်ပံ့ငွေများ ပေးအပ်ရာတွင် မေတ္တာမြို့၊ တောင်သုံးလုံးကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများက မေတ္တာမြို့ တောင်သုံးလုံးကျေးရွာ အုပ်စုရှိ ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စုပေါင်း(၂၁၄)စုတို့အား အိမ်ထောင်စုတစ်စုလျှင် ကျပ်(၂၀,၀၀၀)နှုန်းဖြင့် ထောက်ပံ့ငွေ (၄,၂၈၀,၀၀၀)သိန်း ကို အိမ်တိုင် ရာရောက် ပေးအပ်လျက်ရှိကြောင်း သိရှိရသည်။

ရန်နောင်စိုး (မေတ္တာ)