သုံးခွမြို့နယ် အမှတ်(၉)ရပ်ကွက်တွင်စတုတ္ထအကြိမ်မြောက် ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စု များအား အိမ်တိုင်ရာ‌ ရောက်ထောက်ပံ့ငွေပေးအပ်

သုံးခွ အောက်တိုဘာ ၁၃

ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ်တွင်နိုင်ငံ‌ တော်အစိုးရမှထောက်ပံ့‌ ပေးအပ်သည့် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအား ရပ်ကွက်/ကျေးရွာများတွင် ထောက်ပံ့ငွေပေးအပ်ခြင်းကို ယမန်နေ့မွန်းလွဲပိုင်းက အိမ်တိုင်ရာရောက် လိုက်လံ ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။

ယင်းသို့ထောက်ပံ့ပေးအပ်ရာတွင်အမှတ်(၉)ရပ်ကွက်ရှိတစ်အိမ်ထောင်လျှင် ငွေကျပ် (၄၀၀၀၀) နှုန်းဖြင့် အိမ်‌ ထောင်စု (၁၇၇၁) အတွက် စုစုပေါင်းငွေကျပ် (၇၀၈၄၀၀၀၀)   သိန်းအားပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်တင်တင်ထွေး၊ရပ်ကွက်အုပ်ချုပ်‌ ရေးမှူးနှင့်ဆယ်အိမ်မှူး၊ ရာအိမ်မှူးများက အိမ်တိုင်ရာ ရောက် လိုက်လံပေးအပ်ခဲ့ကြောင်း သိရသည်။

ယခုလို ကိုဗစ်-၁၉ကာလမှာ နိုင်ငံတော်အနေနဲ့ ငွေကြေးထောက်ပံ့မှုတွေအတွက် အလွန်ပင်၀မ်းသာမိပါကြောင်း၊ ပြည်သူပြည်သား များရောဂါကပ်ဆိုးမှလဲ ကင်းဝေးပါစေလိုကြောင်း မိသား၀င်တဦးက ပြောကြားခဲ့သည်။

စည်သူလင်း ပြန်/ဆက်