ဝိုင်းမော် နိုဝင်ဘာ ၁၃
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်မူကာကွယ်၊ ထိန်းချုပ်ရေး ကာလ အတွင်း ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစားအိမ်ထောင်စုများအတွက် နိုင်ငံတော်မှစတုတ္ထ အကြိမ်ထောက်ပံ့ ငွေ ပေးအပ်ပွဲကို ယမန်နေ့ မွန်းလွဲ (၁) နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဆမားခန်းမ၌ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူးဦးထွန်းထွန်းမှ အမှာစကားပြောကြားရာတွင် အဂတိကင်းရှင်းပြီး အခြေခံ လူတန်းစား များထံသို့ အမှန်တကယ်လက်ဝယ်သို့ရောက်ရှိရေး၊ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများက စိစစ်ကြီးကြပ်ပြီး ကွင်းဆင်း ၍ ထောက်ပံ့ငွေများပေးအပ်ရန်မှာကြားပြီး စတုတ္ထအကြိမ်ထောက်ပံ့ငွေများအား သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာအုပ်စု များမှ အုပ်ချုပ်ရေးမှူးများနှင့်စာရေးဝန်ထမ်းများထံ ပေးအပ်ခဲ့သည်။
ဝိုင်းမော်မြို့နယ်အတွင်း ရပ်ကွက်/ကျေးရွာများမှ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားအိမ်ထောင်စု(၇၄၄၆)စု အတွက် အိမ်ထောင်စု(၁)စုလျှင် ထောက်ပံ့ငွေ(၂၀၀၀၀)နှုန်းဖြင့် ထောက်ပံ့ငွေစုစုပေါင်း(၁၄၈၉၂၀၀၀၀)ကို သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများက ရပ်ကွက်/ကျေးရွာနေပြည်သူများထံသို့ လက်ဝယ် အရောက် ထောက်ပံ့ငွေများ ဆက်လက်ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ခိုင်သက်မွန် (ပြန်/ဆက်)