ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစား အိမ်ထောင်စုများအား ပဉ္စမအကြိမ်ထောက်ပံ့ငွေများ ထောက်ပံ့ပေးအပ်

ယင်းမာပင်      နိုဝင်ဘာ    ၁၃

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ရိုင်၊ ယင်းမာပင်မြို့နယ်တွင် ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစား အိမ်ထောင်စုများအား ပဉ္စမအကြိမ် တစ်အိမ်ထောင်ငွေကျပ်(၂၀၀၀၀)နှုန်း ထောက်ပံ့ပေးအပ်ခြင်းကို နိုဝင်ဘာ ၁၁ ရက်နေ့မှစတင်၍ ထုတ်ပေး လျက် ရှိကြောင်း မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန သိရသည်။

အခြေခံလူတန်းစား အိမ်ထောင်စုများအား ပဉ္စမအကြိမ်ထုတ်ပေးရာတွင် ယင်းမာပင်မြို့နယ် အဆင့်ဌာနဆိုင်ရာများအပါအဝင် ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူး၊ စာရေးဝန်ထမ်းများပူပေါင်း၍ ကျေးရွာအုပ်စုများအလိုက် အဖွဲ့ (၉)ဖွဲ့ကို တာဝန်ပေးကာ နယ်မြေခွဲ အလိုက် တာဝန်ယူထားသည့် ဌာနဆိုင်ရာများက စနစ်တကျ ထောက်ပံ့ထုတ်ပေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ 

ယင်းသို့ ထုတ်ပေးခြင်းများဆောင်ရွက်လျက်ရှိရာတွင် နိုဝင်ဘာ ၁၂ ရက်နေ့အထိ  အိမ်ထောင်စု ၁၀၇၃၃ စုအား ထောက်ပံ့ပေးပြီး ဖြစ်ရာ အိမ်ထောင်စု ၁၂၇၃၆ စုကို ထောက်ပံ့ပေးအပ်ရန်ကျန်ရှိနေပြီး ဆက်လက်ထောက်ပံ့အပ်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ယင်းမာပင်မြို့နယ်အနေဖြင့် ပဉ္စမအကြိမ် ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစား အိမ်ထောင်စုများအား တစ်အိမ်ထောင် ငွေကျပ်(၂၀၀၀၀)နှုန်း ထောက်ပံ့ရာတွင် စုစုပေါင်း အိမ်ထောင်စု ၂၃၄၆၉ စုကို ထောက်ပံ့ပေးအပ် သွားမည်ဖြစ်ကြောင်း သိရသည်။

သန်းဌေးအောင်(ကနီ)