ထန်းတပင်၌ အခြေခံလူတန်းစားအိမ်ထောင်စုများအား ထောက်ပံ့ငွေများ ဆက်လက်ပေးအပ်

ထန်းတပင်(ရန်ကုန်) နိုဝင်ဘာ ၁၃

ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်အတွင်း နိုင်ငံတော်အစိုးရမှ ထောက်ပံ့ပေးသည့် ထောက်ပံ့ငွေများအား အခြေခံလူတန်းစား အိမ်ထောင်စုများ လက်ဝယ်အရောက်ပေးအပ်နိုင်ရေးတို့ အတွက် ထောက်ပံ့ငွေများကို မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာအုပ်စုများတွင် တာဝန်ရှိသူများက ထောက်ပံ့ပေးအပ်လျက်ရှိပြီး ယနေ့ ထောက်ပံ့ငွေများကို သက်ဆိုင်ရာ ရပ်ကွက်ကျေးရွာအုပ်စုများအလိုက် ဆက်လက်၍ ပေးအပ်လျက်ရှိကြောင်းသိရသည်။

ထန်းတပင်မြို့နယ်အတွင်း ရပ်ကွက်၊ ကျေးရွာအုပ်စု(၅၉)စု၊ ကျေးရွာပေါင်း (၂၃၃)ရွာတို့တွင် အခြေခံလူတန်းစားအိမ်ထောင်စု(၄၃၅၂၂)စု ရှိကြောင်းသိရပြီး ကိုဗစ်-၁၉ကမ္ဘာကပ်ရောဂါဖြစ်ပွားနေ စဉ်ကာလ အခြေခံလူတန်းစားအိမ်ထောင်စုများအတွက် နိုင်ငံတော်အစိုးရအနေဖြင့် စားရေး၊ သောက်ရေးနှင့် အလုပ်အကိုင်အခက်အခဲမဖြစ်စေရေးအတွက် အိမ်ထောင်စုတစ်စုလျှင် ထောက်ပံ့ငွေကျပ်လေး သောင်းကို ထောက်ပံ့ ပေးအပ်ခြင်း ဖြစ်ကြောင်းလည်းသိရသည်။                              

ထောက်ပံ့ငွေများပေးအပ်ရာတွင်လည်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးနေမျိုးထွန်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းဇော်လင်း၊ ဒုတိယ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲလင်းနိုင်နှင့် မြို့နယ် ကြီးကြပ်ရေးအဖွဲ့ဝင်များဖြစ်သည့် မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် အဖွဲ့ဝင်များက သက်ဆိုင်ရာ ရပ်ကွက်ကျေးရွာ အုပ်စုများအလိုက် အခြေခံ လူ တန်းစားအိမ် ထောင်စုများထံသို့ ထောက်ပံ့ငွေများကို ပေးအပ်လျက်ရှိကြောင်းသိရပြီး ထောက်ပံ့ငွေပေး အပ်ခြင်းကို နိုဝင်ဘာလ(၁၂)စတင်၍ သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာအုပ်စုများ အလိုက်ပေးအပ်ခဲ့ကြ ခြင်းဖြစ်ကြောင်းသိရသည်။              

ဇင်မင်းထိုက်(ထန်းတပင်)