ကျောက်ကြီးမြို့နယ်၌ ရန်ကုန်တိုင်းဒေသကြီးမှပြန်လာသူ(၂)ဦး ကိုဗစ်-၁၉ရောဂါပိုးတွေ့ရှိ

 ကျောက်ကြီး နိုဝင်ဘာ ၁၃

ပဲခူးတိုင်းဒေသကြီးတောင်ငူခရိုင် ကျောက်ကြီးမြို့နယ်သို့ ရန်ကုန်တိုင်းဒေသကြီးမှ ပြန်လာသော (Facility Quarantine) ထားရှိသူ()ဦး ကိုဗစ်-၁၉ရောဂါပိုး ထပ်မံတွေ့ရှိကြောင်း မြို့နယ်ကျန်းမာရေး ဦးစီးဌာန၏ Test Kitဖြင့် စစ်ဆေးရာ စစ်ဆေးချက် အဖြေအရသိရသည်။

ကိုဗစ်-၁၉ ရောဂါပိုးတွေ့သူမှာ ကျောက်ကြီးမြို့နယ် ပတ္တလားအုပ်စုအုတ်မြေဒူးကျေးရွာနေသူဖြစ်ပြီး လယ်လုပ်ငန်း လုပ်ကိုင်စဉ်ပိုးထိသဖြင့် ကျောက်ကြီးမြို့နယ်ပြည်သူ့ဆေးရုံသို့ တက်ရောက်ဆေးကုသမှုခံယူခဲ့သည်။

ကျောက်ကြီးမြို့နယ်ပြည်သူ့ဆေးရုံမှ အောက်တိုဘာ(၂၆)ရက် နေ့တွင် ရန်ကုန်ခုတင်(၅၀၀)အထူးကု ဆေးရုံကြီး သို့ လွှဲပြောင်း ပေးခဲ့သဖြင့် အောက်တိုဘာ ၂၆ရက်နေ့မှ နိုဝင်ဘာ()ရက်နေ့အထိဆေးကုသမှုခံယူခဲ့ပြီး၊ နိုဝင်ဘာ ()ရက်နေ့တွင် ဆေးရုံဆင်းခွင့်ပြုခဲ့သဖြင့် လူမှုကူညီရေးကားဖြင့် ကျောက်ကြီးမြို့နယ်သို့ ပြန်လည်ခေါ်ဆောင်ခဲ့သည်။

 ထိပ်ပေါက်ဘုန်းတော်ကြီးကျောင်းဓမ္မာရုံတွင် Facility Quarantine ထားရှိရာမှ မြို့နယ်ကျန်းမာရေး ဌာန၏ ယမန်နေ့ နေ့လယ်()နာရီ Test Kit ဖြင့်စစ်ဆေးရာစစ်ဆေးချက်အဖြေအရ ကိုဗစ်-၁၉  Positive တွေ့ရှိ ခဲ့သည်။

အဆိုပါ Positive ပိုးတွေ့ရှိသူ()ဦးအားကျောက်ကြီးမြို့နယ်ပြည်သူ့ဆေးရုံသို့ ယမန်နေ့ ညနေ()နာရီအချိန်တွင် ပြောင်းရွေ့ထားရှိပြီး၎င်းတို့ကိုသွားကြိုခဲ့သူ()ဦးအား ထိစပ်ခဲ့သူသတ်မှတ်၍ မိုးကုတ်ဝိပဿဓမ္မရိပ်သာစခန်းတွင် Facility Quarantine အဖြစ်ပြောင်းရွေ့ထားရှိပြီး ကျန်းမာရေး စောင့်ရှောက်မှုပေးသွားမည် ဖြစ်သည်။

ကျောက်ကြီးမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါပိုးတွေ့လူနာစုစုပေါင်း(၃၂)ဦးရှိပြီး ဆေးရုံဆင်းခွင့် ရရှိသူ(၂၉) ဦးထိရှိကြောင်း ရန်ကုန်ပြန်နှင့်နိုင်ငံခြားပြန်ဒေသခံပြည်သူများအား အချိန်နှင့်တစ်ပြေးညီ သိရှိပြီး ထိတွေ့မှုမရှိစေဘဲ Quarantine များတွင် အမြန်ဆုံးရောက်ရှိအောင် အထူးကြပ်မတ်ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ သိရှိရသည်။

K ခိုင် ပြန်/ဆက်