ရန်ကုန် နိုဝင်ဘာ ၁၃
ရန်ကုန်တိုင်းဒေသကြီး၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်များနှင့်ရုံးအဖွဲ့(၁၉) ဦးတို့အား ယနေ့မွန်းလွဲပိုင်း အချိန်က ရန်ကုန်အနောက်ပိုင်းခရိုင်၊ဒဂုံမြို့နယ် အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်းတွင် ဖွင့်လှစ်ထားသော ဒဂုံ Quarantine Centre တွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော ညွှန်ကြားချက်များနှင့်အညီ ကိုဗစ်-၁၉ ရောဂါ ရှိ/မရှိစစ်ဆေးခဲ့ကြသည်။
ရန်ကုန်တိုင်းဒေသကြီး၊ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတွင် အဖွဲ့ဝင်တစ်ဦးမှ ကိုဗစ်-၁၉ ပိုးတွေ့လူနာ ဖြစ်ပေါ်ခဲ့သဖြင့် ကျန်အဖွဲ့ဝင်များအား Secondary contacts များအဖြစ်သတ်မှတ်ခဲ့ကာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်စေ ရေးအတွက် စစ်ဆေးဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ပိုးတွေ့ရှိသူအား ကုသရေး centre တွင်ကုပေးသွားမည်ဖြစ်ကာ ပိုးမတွေ့သူ များအား အသွားအလာကန့်သတ်ထားရှိနေထိုင်ကာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ရေးအတွက်ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ် ကြောင်း ရန်ကုန်တိုင်းဒေသကြီး၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတွင် အဖွဲ့ဝင်တစ်ဦးမှ ပြောကြား ခဲ့သည်။
ရဲမင်းထွန်း (ပြန်/ဆက်)