သပိတ်ကျင်းမြို့ပေါ်ရှိ ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စုများအား လက်ဝယ်အရောက် ထောက်ပံ့ငွေများပေးအပ်

သပိတ်ကျင်း နိုဝင်ဘာ ၁၃

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ် ရေးကာလအတွင်း ပုံမှန် ဝင်ငွေမရှိသည့် အခြေခံလူတန်းစား အိမ်ထောင်စုများအတွက် နိုင်ငံတော်မှ ထောက် ပံ့ငွေများ ထပ်မံပေးလျက်ရှိရာ ယနေ့ နံနက်ပိုင်းက မြို့ပေါ်ရပ်ကွက်အတွင်းရှိ အခြေခံလူတန်းစား အိမ်ထောင် စုများအတွက် ထောက်ပံ့ငွေများကို ရပ်ကွက်များအလိုက် ပြည်သူများလက်ဝယ်အရောက် သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ထောက်ပံ့ပေးအပ်ရာတွင် တိုင်းဒေသကြီးအမှတ်()လွှတ်တော်ကိုယ်စားလှယ် ဦးစိုးလွင်၊ မြို့ နယ်အုပ်ချုပ်ရေးမှူး ဦးစိုင်းဝေလင်း၊ ဆိပ်ကမ်းရပ်ကွက်/ကဘဲ့ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့်တာဝန်ရှိသူများမှ ရပ်ကွက်အတွင်းရှိ ပြည်သူများအား ထောက်ပံ့ပေးကြေးငွေများကို ကျန်းမာရေးလမ်းညွှန်ချက်များနှင့်အညီ ဆိပ်ကမ်းရပ်ကွက် အိမ်ထောက်စု (၅၄၇)စုအတွက် (၁၀၉၄၀၀၀၀)ကျပ်နှင့် ကဘဲ့ရပ်ကွက်အိမ်ထောင်စု (၄၄၈) စုအတွက် (၈၉၆၀၀၀၀)ကျပ်တို့အား တစ်အိမ်ထောင်စုလျှင် ငွေကျပ်(၂၀၀၀၀)နှုန်းဖြင့် ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။

ကိုဗစ်-၁၉ ရောဂါကာလအတွင်း အခြေခံလူတန်းစားများကို ပထမအကြိမ်ပံ့ပိုးမှုအဖြစ် အခြေခံ စားသောက်ကုန် ()မျိုးပေးအပ်ခဲ့ပြီး တစ်အိမ်ထောင်စုလျှင် ငွေကျပ်(၂၀၀၀၀)ထောက်ပံ့ခြင်းကို စတုတ္ထ အကြိမ်အဖြစ် ထပ်မံထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။

စိုးနိုင်ဝင်း(ပြန်/ဆက်)