ကျောက်တံခါး နိုဝင်ဘာ ၁၃
ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်မြန်မာ့လယ်ယာဖွံဖြိုးရေးဘဏ်မှ ၂၀၂၀ ခုနှစ်ဆောင်းရာသီ စိုက်ပျိုး စရိတ်ချေးငွေကို ယမန်နေ့ ကကျောက်တံခါးမြို့ အားကစားခန်းမတွင် တောင်သူများအား စတင် ထုတ်ချေးပေးခဲ့သည်။
ကျောက်တံခါးမြို့နယ်တွင်ကျေးရွာအုပ်စု(၅၄)အုပ်စုတောင်သူပေါင်း(၁၄၃၂၅)ဦးအား ဆောင်းသီးနှံ ပဲမျိုးစုံ(၉၂၃၇၆)ဧအတွက်l တစ်ဧက တစ်သိန်း ကျပ်နှုံးဖြင့်ချေးငွေပမာဏ(၉၂၃၇၆.၀)သိန်း ထုတ်ချေး ရန် လျာထားခဲ့ရာယမန်နေ့က ဖဒိုမြို့ (၅)ရပ်ကွက်မှ တောင်သူ ပေါင်း(၁၀၇)ဦးအား စိုက်ဧက (၇၅၅)ဧက အတွက်ချေးငွေပေါင်း(၇၅၅.၀)သိန်းထုတ်ချေးပေးခဲ့သည်။
ဆောင်းရာသီ စိုက်ပျိုးချေးငွေများကို ၂၀၂၀ ခုနှစ် နိုဝင်ဘာလမှစ၍ ၂၀၂၁ ခုနှစ်ဇန်နဝါရီလ ကုန်အထိ ထုတ်ချေး ပေးသွားမည် ဖြစ်ပြီးငွေထုတ်ချေးရာတွင် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန် ထားသောကိုဗစ်၁၉ကာကွယ်ရေး ညွှန်ကြားချက်များနှင့်အညီ ထုတ်ချေး ပေးသွားမည်ဖြစ် ကြောင်း သိရသည်။
စန်းစန်း(ပြန်/ဆက်)