ကဝမြို့နယ်တွင် မြစိမ်းရောင် စီမံကိန်း ကြွေးကျန်ကျေးရွာများနှင့် ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ကဝ နိုဝင်ဘာ ၁၃

ပဲခူးတိုင်းဒေသကြီး ပဲခူးခရိုင် ကဝမြို့နယ် ကျေးလက်ဒေသဖွံ့ ဖြိးတိုးတက်ရေး ဦးစီးဌာန၏ မြစိမ်းရောင်စီမံကိန်း ကြွေးကျန်များနှင့် ပက်သက်၍ လုပ်ငန်းညှိနှိုင်းအသည်းအဝေးကို ယမန်နေ့ နေ့လယ် ၁ နာရီက အဆိုပါရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

အစည်းအဝေးတွင် ကဝမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဦးလှဝင်းကျော်က အစည်းအဝေး ကျင်းပရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလှသန်း တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးမျိုးခိုင်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ကြွေးကျန်ကျေးရွာများဖြစ်သည့် ကန်တော် ကျေးရွာနှင့် ဘန်ဒါကျေးရွာများမှ အုပ်ချုပ်ရေးမှူးများ မြစိမ်းရောင်စီမံကိန်း ကော်မတီဝင်များသည် ကြွေးကျန်ကိစ္စများ နှင့်ပတ်သက်၍ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ချစ်နှင်းသုန်(ပြန်/ဆက်)