ကျောက်မဲ နိုဝင်ဘာ ၁၃
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုန့်ပြန်ရေးကော်မတီသို့ မြို့မိမြိုဖ ဖြစ်သူ ဦးတင်မောင်ဦးက ကွယ်လွန်ခဲ့သည့် ဖခင်ဖြစ်သူအား ရည်စူး၍ ငွေကျပ် ၁၀ သိန်းကို ယနေ့ နံနက် ၁၀ နာရီက လှူဒါန်းရာ မြို့နယ်အုပ်ချုပ်ရေးမှူးဦးနိုင်ဝင်းက လက်ခံခဲ့ကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါ ပြည်တွင်းကူးစက်မှု မြင့်တက်လာသည့်နောက်ပိုင်း ကျောက်မဲမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီ၏ အစီအစဉ်ဖြင့် ကျောက်မဲမြို့ အဝင် ပင်လုံ လမ်းထိပ်၌ စက်တင်ဘာ မှစ၍ ကျန်းမာရေးစစ်ဆေးရေးဂိတ်၊ ကုန်တင်ယာဉ်များ စစ်ဆေးရေးဂိတ်တို့ကို ထားရှိကာ မြို့တွင်း ဝင်ရောက်သူများ၏ ကျန်းမာရေးကို စစ်ဆေးခြင်း၊ ခရီးသွားရာဇဝင်များရယူခြင်းများကို အရှိန်အဟုန်မပျက် ဆောက်ရွက် နေပြီး ပြည်ပနှင့် ပြည်တွင်း(ကိုဗစ်၁၉ ရောဂါ အဖြစ်များသည့် ဒေသ)မှ ပြန်လာသူများကို Quarantine Center ၂ နေရာတွင် အသွားအလာကန့်သတ် ထားရှိ စောင့်ကြည့် ခြင်းများကို ဆောင်ရွက် လျက်ရှိသည်။
ကျောက်မဲမြို့ပေါ်ရှိ Quarantine Center တွင် ယနေ့အထိ အသွားအလာကန့်သတ်ထားရှိသူ ၁၀၀ ဦးခန့်ရှိကြောင်း ကျန်းမာရေးဌာနမှ သိရသည်။
မိုင်းထွန်း(ပြန်/ဆက်)