ပန်နန်းဒင် နို၀င်ဘာ ၁၃
ကချင်ပြည်နယ် ပူတာအိုခရိုင် ခါကာဘိုရာဇီဒေသ တရုတ်-မြန်မာ နယ်စပ်မှတ်တိုင်အမှတ်(၄၁) ပျက်စီးမှု ရှိ/မရှိကို နို၀င်ဘာလဆန်းပိုင်းတွင် သွားရောက် စစ်ဆေးခဲ့ကြောင်း ပန်နန်းဒင်မြို့အုပ်ချုပ်ရေးမှူး ဦးနေမင်းထွန်းထံမှသိရသည်။
အဆိုပါနေရာသို့ ပန်နန်းဒင်မြို့မှ မခွမ်ကန်ကျေးရွာအထိ(၄၄)မိုင် မခွမ်ကန်ကျေးရွာမှ နယ်စပ်မှတ်တိုင်အထိ (၂)မိုင်ကျော် ပန်နန်းဒင်မှ-နယ်စပ်မှတ်တိုင်အမှတ်(၄၁)အထိ (၄၆)မိုင်ကျော် ခြေလျင်ခရီးဖြင့် ပန်နန်းဒင်မြို့ အုပ်ချုပ်ရေးမှူး ဦးနေမင်းထွန်း၊ လက်ထောက်ကွန်ပျူတာ လုပ်ဆောင်ရေးမှူး ဦးနန်အရှုတူးအောင်၊ မခွမ်ကန်ကျေးရွာအုပ်စု အုပ်ချုပ် ရေးမှူးနှင့် မခွမ်ကန်စာရေးဦးမခွမ်ကန်ဆားရ်ရမ်၊ ဆယ်အိမ်မှူး ဦးဖရန်ကန်ဆင်ဆားရ်တို့ အဖွဲ့က သွားရောက် စစ်ဆေး ခဲ့ရာ တရုတ်-မြန်မာနယ်စပ်မှတ်တိုင်အမှတ် (၄၁)ကျောက်တိုင်ပျက်စီးမှု မရှိကြောင်း သိရသည်။
တရုတ်-မြန်မာ နယ်စပ်မှတ်တိုင်အမှတ်(၄၁)ကို ဦးစိုးမင်းထက်၊ ဦးတူးဂျာ၊ မြို့အုပ်ချုပ်ရေးမှူး၊ ဦးမင်းဇော်ဟိန်း နောင်မွန်မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ပန်နန်းဒင်မြို့အုပ်ချုပ်ရေးမှူး ဦးနေမင်းထွန်းနှင့် အဖွဲ့များက နိုဝင်ဘာလ ဆန်းပိုင်း တွင် ကျောက်တိုင်ပျက်စီးမှုရှိ/မရှိ၊ ကျောက်တိုင်အနီးအနားသတ်မှတ်ဧရိယာများတွင် ခိုင်မာသော အဆောက် အအုံများဆောက် ထားခြင်း ရှိ၊မရှိကို သွားရောက်စစ်ဆေးခြင်းဖြစ်ကြောင်း ဦးနေမင်းထွန်း (မြို့အုပ်ချုပ်ရေးမှူး)က ပြောကြားသည်။
အဆိုပါခရီးစဉ်သည် ပန်နန်းဒင်မြို့မှ နယ်စပ်ကျောက်တိုင်အထိ အသွား(၄)ရက်၊အပြန်(၄)ရက် ခြေလျင် (၈)ရက်ခရီးဖြင့် သွားရောက်စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
နောယော်ဘော်(ပြန်/ဆက်)