ညောင်တုန်းမြို့၌ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအား စတုတ္ထအကြိမ် ထောက်ပံ့ငွေပေးအပ်

ညောင်တုန်း   နိုဝင်ဘာ    ၁၃

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအား စတုတ္ထအကြိမ် ထောက်ပံ့ငွေများကို ယနေ့ နံနက် ၁၀ နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ထောက်ပံ့ပေးအပ်ခဲ့သည်။

ရှေးဦးစွာ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသူရိန်က အခြေခံလူတန်း စားအိမ်ထောင်စုများအတွက် ထောက်ပံ့ငွေပေးအပ်သည့် အကြောင်းနှင့် ရပ်/ကျေးအုပ်ချုပ်ရေးမှူးများမှ ထောက်ပံ့ငွေများအား ပြန်လည် ပေးအပ်ရာတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေး ညွှန်ကြားချက်များအတိုင်း အခြေခံလူတန်းစား အိမ်ထောင်စုများအား ထောက်ပံ့ပေးရန် ပြောကြားခဲ့သည်။

ထို့နောက် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသူရိန်နှင့် တာဝန်ရှိသူများက အခြေခံ လူတန်းစား အိမ်ထောင်စု တစ်စုလျှင် ထောက်ပံ့ငွေ ကျပ် ၂၀၀၀၀ နှုန်းဖြင့် ရပ်ကွက်/ကျေးရွာ ၅၄ အုပ်စုရှိ အိမ်ထောင်စု ၂၆၁၀၃ စုတို့အတွက် ထောက်ပံ့ငွေ စုစုပေါင်း ကျပ် ၅၂၂၀၆၀၀၀၀ ကို ရပ်/ကျေး အုပ်ချုပ်ရေး မှူးများအား ပေးအပ်ခဲ့သည်။

အဆိုပါ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအတွက် စတုတ္ထအကြိမ် ထောက်ပံ့ငွေများကို ရပ်/ကျေးအုပ်ချုပ်ရေးမှူး များမှတစ်ဆင့် ပြန်လည်ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သိရသည်။                                             

ဝဠာနိုင် (ညောင်တုန်း)