လှိုင်းဘွဲ နိုဝင်ဘာ ၁၃
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် ဝင်းစိန်ကျေးရွာတွင် တောင်သူဦးသို့သော်လဲ၏ လယ်မြေ၌ လှိုင်းဘွဲမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ဒေသခံတောင်သူများ ပူးပေါင်း၍ ယနေ့နံနက်ပိုင်းက မိုးစပါးဧရာမင်း မျိုးစေ့ထုတ်စိုက်ခင်းတွင် ခြွေလှေ့စက်ကြီး များဖြင့် မိုးစပါးစံကွက်ရိတ်သိမ်းခြင်းလုပ်ငန်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထို့သို့ဆောင်ရွက်ရာတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးမှူး ဦးကြည်ဝင်နှင့်ဝန်ထမ်းများ၊ မြို့နယ်လယ်ယာ မြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ ဦးမြင့်ထွန်းလျှံနှင့်ဝန်ထမ်းများ၊ တောင်သူများ ပူးပေါင်း၍ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် CERP အရ RS to CS အဆင့်ဖြင့် စိုက်ပျိုးထားသော ဧရာမင်းမိုးစပါးများကို ခြွေလှေ့စက်ကြီးဖြင့် ရတ်သိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။
အဆိုပါမိုးစပါး ဧရာမင်းစံကွက်ရိတ်သိမ်းရာတွင် လယ်ယာကွင်းငယ်တစ်ကွက်လျှင် ကန့်လန့်ဖြတ် စံကါကွက်ငယ်သုံးကွက်၊ ကန်သင်း သုံးပေခွါပြီး ရိတ်သိမ်းကြရာ တစ်ဧကစပါးထွက်နှုန်း(၈၃)တင်းကျော် ထွက်ရှိကြောင်းနှင့် စပါးကောက်ရိတ်ခြွေလှေ့စက် အသုံးပြု၍ ရိတ်သိမ်းခြွေလှေ့ပါက တောင်သူများအနေဖြင့် သီးနှံအရည်အသွေး ကောင်းမွန်စေခြင်း သီးနှံအထွက်နှုန်း လေလွှင့် ဆုံးရှုံးမှုများ သက်သာခြင်း လယ်ယာလုပ်သား ရှားပါးမှုအခက်အခဲများ သက်သာစေခြင်း၊ လုပ်ငန်းခွင်တွင်ကျယ်စွာ ပြီးမြောက် အောင် ဆောင်ရွက်နိုင်ခြင်း စသည့်အကျိုးကျေးဇူးများ ရရှိစေမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူးဦးကြည်ဝင်း ထံမှ သိရှိရသည်။
ခင်စန်းမြင့်(ပြန်/ဆက်)