ရှမ်းရွာသစ် နိုဝင်ဘာ ၁၃
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ကိုဗစ်-၁၉ ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံ လူတန်းစား အိမ်ထောင်စုများအတွက် မိသားစုစားဝတ်နေရေး အဆင်ပြေစေရန် ရည်ရွယ်ပြီး နိုင်ငံတော်အစိုးရမှ စတုတ္ထအကြိမ် ထောက်ပံ့သည့် ထောက်ပံ့ငွေများပေးအပ်ခြင်းကို ယနေ့နံနက် (၈) နာရီအချိန်က ရှမ်းရွာသစ်မြို့ ကွီးလေးကျေးရွာ အုပ်စုတွင် လက်ဝယ်အရောက် လိုက်လံထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
ထိုသို့ထောက်ပံ့ငွေများပေးအပ်ရာတွင် ရှမ်းရွာသစ်မြို့အုပ်ချုပ်ရေးမှူး ဦးနိုင်ဝင်းအောင်နှင့်ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး တို့က ကိုဗစ်-၁၉ ကာလတွင် ဒေသနေပြည်သူများ၏ အလုပ်အကိုင်အခက်အခဲ ဖြစ်ခဲ့မှုအပေါ် နိုင်ငံတော်အစိုးရမှ ယခုလို ထောက်ပံ့ငွေများပေးအပ်ရခြင်းဖြစ်ကြောင်း စသည်ဖြင့် ထောက်ပံ့ ငွေပေးအပ်ရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်း ပြောကြားပြီးနောက် ကွီးလေးကျေးရွာအုပ်စုရှိ ပုံမှန်ဝင်ငွေ မရှိသော အခြေခံလူတန်းစား အိမ်ထောင်စု (၁၈၃)စုတို့ အတွက် တစ်စုလျှင် နှစ်သောင်းကျပ်နှုန်းဖြင့် စုစုပေါင်းငွေကျပ် (၃၆၆၀၀၀၀/-)ကို လက်ဝယ်အရောက် ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
ဇင်လေး(ပြန်/ဆက်)