ကျောက်မဲမြို့တွင် ကိုဗစ်၁၉ ရောဂါ ကာကွယ်ရေး အသိပညာပေး လုပ်ငန်းများဆောင်ရွက်

ကျောက်မဲ နိုဝင်ဘာ ၁၃

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲ ခရိုင်၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဦးစီးဌာနမှ ဝန်ထမ်းများသည် ယနေ့နံနက် နာရီအချိန်က ကျောက်မဲမြို့ အမှတ် ရပ်ကွက်အတွင်း ကိုဗစ်၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဝန်ထမ်းများသည်  ကျောက်မဲမြို့၊  အမှတ် ရပ်ကွက်အတွင်းရှိ အောင်မင်္ဂလာရပ်ကွက်၊ ရွှေစေတီရပ်၊ ကုန်းမုန်ရပ်၊ မုန်လာခြံရပ်၊ ဖြူး၊ ရွှေစေတီရပ်တို့နှင့် ပန်ဟတ်ကျေးရွာ တို့တွင် ကိုဗစ်၁၉ ရောဂါကြိုတင် ကာကွယ်ရေးအတွက်၊ မလိုအပ်ဘဲ နေအိမ်မှမထွက်ရန်၊ Mask စနစ်တကျဝတ်ဆင်ရန်၊ လက်ကို မကြာခဏ စနစ်တကျဆေးရန်၊ လူ ၃၀ ဦးထက်ပို၍ လူစုလူဝေး မပြုလုပ်ရန် အစရှိသည့်  ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်မှုများ၊ ပြည်သူများလိုက်နာရမည့်ကျန်းမာရေး အမူအကျင့်များကို ပြည်သူများသိရှိစေရန် Hand Speaker အသံချဲ့စက်များဖြင့် လှည့်လည် နှိုးဆော် ဟောပြောခဲ့ပြီး Mask များအခမဲ့ ဖြန့်ပေးဝေပေးခဲ့ကြောင်းသိရသည်။

အလားတူ အသိပညာပေးခြင်းများကို အခြားရပ်ကွက်များတွင် ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်းနှင့် Mask အခုရေ ၃၀၀၀ အခမဲ့ ဖြန့်ဝေ သွားမည်ဖြစ်ကြောင်းဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်မဲခရိုင် ဦးစီးမှူး၏ ပြောကြားချက်အရ သိရသည်။

မိုင်းထွန်း(ပြန်/ဆက်)