ရွှေကူမြို့နယ်တွင် စေတနာ့ဝန်ထမ်း Volunteer များအား ထောက်ပံ့ငွေများပေးအပ်

ရွှေကူ            နိုဝင်ဘာ        ၁၃

ကချင်ပြည်နယ်၊ န်းမော်ခရိုင် ရွှေကူမြို့နယ်အတွင်းရှိ စေတနာ့ဝန်ထမ်း Volunteer များအား နိုင်ငံတော်အစိုးရမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုရန်ပုံငွေဖြင့် ထောက်ပံ့ငွေများ ပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့ ညနေ နာရီခန့်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတိုးတိုးဝင်းက နိုင်ငံတော်အစိုးရမှ စေတနာ့ဝန်ထမ်း Volunteer များအား ထောက်ပံ့မှုများ ပေးအပ်ရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်အတွင်းရှိ စေတနာ့ဝန်ထမ်းများအနေဖြင့် ရှေ့ဆက်ဆောင်ရွက်သွား မည့်လုပ်ငန်းများ၌လည်း ဝိုင်းဝန်း ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန်အတွက် ပြောကြားခဲ့သည်။

ယင်းနောက် ရွှေကူမြို့နယ်အတွင်းရှိ Quarantine Center များတွင် ကူညီလျှက်ရှိသည့် စေတနာ့ဝန်ထမ်းများ၏ သွားလာခြင်းနှင့် သယ်ယူပို့ဆောင်ခြင်းတွင် စက်သုံးဆီအတွက် ကုန်ကျစရိတ် နှင့် Lunch  Box များ လိုအပ်နေခြင်းအတွက် နိုင်ငံတော်အစိုးရမှ ပြည်ထောင်စုရန်ပုံငွေဖြင့် မြို့နယ် အတွင်းရှိ စေတနာ့ဝန်ထမ်း Volunteer များဖြစ်သော မြို့နယ်လုံးဆိုင်ရာ နာရေးကူညီမှုအသင်း ထောက်ပံ့ငွေ(၁၅၇၅၀၀၀)ကျပ်၊ ငြိမ်အေးချမ်းသာ လူမှုကူညီရေး အသင်း ထောက်ပံ့ငွေ(၃၈၅၂၀၀၀)ကျပ်၊ ယုံကြည်ရာ ပရဟိတအသင်းအတွက် ထောက်ပံ့ငွေ (၃၆၆၃၀၀၀)ကျပ်နှင့် မြို့နယ်ကြက်ခြေနီအသင်း ထောက်ပံ့ငွေ(၄၅၅၄၀၀၀)ကျပ် စုစုပေါင်း ထောက်ပံ့ငွေ (၁၃၆၄၄၀၀၀)ကျပ်အား မြို့နယ်အုပ်ချုပ် ရေးမှူးနှင့်တာဝန်ရှိသူများက မြို့နယ်အတွင်းရှိ စေတနာ့ဝန်ထမ်း Volunteer များထံသို့ ထောက်ပံ့ ငွေများ ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

ကျော်မျိုးအောင်(ပြန်/ဆက်)