ငါန်းဇွန်မြို့၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP) ကျေးရွာများနှင့် မြစိမ်းရောင်စီမံကိန်း ကျေးရွာများ ရွေးချယ်ခြင်းအခမ်းအနားကျင်းပ

ငါန်းဇွန်  ၊  နိုဝင်ဘာ ၁၃

မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ယမန်နေ့ နံနက် ၁၀နာရီက ၂၀၂၀-၂၀၂၁ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်မည့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP) ကျေးရွာများနှင့် မြစိမ်းရောင် စီမံကိန်း ကျေးရွာ များရွေးချယ်ခြင်းအခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမင်းသိန်းက အဖွင့်အမှာစကား ပြောကြားပြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမိုးအောင်က မြစိမ်းရောင်ကျေးရွာစီမံကိန်းနှင့် ကျေးရွာဖွံ့ဖြိုးတိုးတက် ရေးလုပ်ငန်းစီမံကိန်း (VDP)ကျေးရွာ ရွေးချယ်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ တက်ရောက်လာသော ကိုယ်စားလှယ်များနှင့် မြို့နယ်ကော်မတီ(TPIC)အဖွဲ့မှ သတ်မှတ်ထားသော အခြေခံ အချက်များနှင့်အညီ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင်ဆောင်ရွက်မည့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်း(VDP)နှင့် မြစိမ်းရောင်ကျေးရွာ စီမံကိန်းအတွက် ကျေးရွာများအား ပွင့်လင်းမြင်သာစွာ စိစစ်ရွေးချယ်ခဲ့ကြပြီး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်ဝင်းက နိဂုံးချုပ်စကား ပြောကြားခဲ့ကြောင်း သိရသည်။     

သက်နောင်ဦး(ငါန်းဇွန်)