ကောလင်း နိုဝင်ဘာ ၁၃
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့နယ်တွင် ကိုဗစ်-၁၉ စီးပွားရေး ကုစားမှုအစီအစဉ်ဖြင့် စိုက်ပျိုးထားသော ခံသာနည်းပညာ ပြန့်ပွားရေးစင်တာအတွင်းရှိ CERP အစီစဉ်ဖြင့် စိုက်ပျိုးထားသော မင်းကုန်းအုပ်စု ခံသာကျေးရွာ တောင်သူ ဦးဇော်လင်း၏ ဆင်းဧကရီ-၃ မိုးစပါး မျိုးစေ့ထုတ်ကွင်းအမှတ် - ၂၀၅၀၊ ဦးပိုင်အမှတ် - ၄၁/၂ တွင် (၆.၆'×၆.၆') စံကွက်ရိတ်သိမ်းခြင်းကို ယနေ့ နံနက်ပိုင်းက မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် တောင်သူများ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မိုးစပါးစံကွက်ကို ဧက စိုက်ခင်းအား(၆.၆'×၆.၆')စံကွက်များ ရိတ်သိမ်းခဲ့ကြရာ ကောင်း၊ သင့်၊ ညံ့ (၃) ကွက်၏ပျှမ်းမျှ အထွက်နှုန်းမှာ အစိုထွက်(၁၂၅)တင်း ထွက်ရှိခဲ့ကြောင်း ကောလင်းမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှသိရသည်။
ကောလင်းမြို့ မိုးစပါးစိုက်ဧက ၉ သောင်းကျော် စိုက်ပျိုးထားရှိပြီး ကိုဗစ်-၁၉ စီးပွားရေးကုစားမှု CERPအစီအစဉ်ဖြင့် မိုးစပါးမျိုးသန့်မျိုးစေ့ထုတ်ကွက် ကောလင်းမြို့နယ်တွင် ၄၅၀ဧက စုစုပေါင်းစိုက်ပျိုးထားရှိကြောင်း သိရသည်။
မြင့်ထွန်းမင်း(ကောလင်း)