ရွာသစ်မြို့တွင် ပုံမှန်၀င်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအတွက် လက်၀ယ်အ ရောက် ထောက်ပံ့ငွေများ ပေးအပ်

ရွာသစ် နို၀င်ဘာ ၁၃

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ရွာသစ်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကာလ အတွင်း ပုံမှန်၀င်ငွေမရှိသည့် အခြေခံ လူတန်းစား အိမ်ထောင်စုများအတွက် နိုင်ငံတော်မှ စတုတ္ထ အကြိမ် ထောက်ပံ့ငွေများ ထပ်မံ ပေးအပ်လျက်ရှိရာ ယနေ့နံနက်ပိုင်းက တောင်ပိုင်းရပ်ကွက်၊ မြောက်ပိုင်းရပ်ကွက်တို့တွင် အခြေခံလူတန်းစား အိမ်ထောင်စုများအတွက် ထောက်ပံ့ငွေ များကို လက်၀ယ်အရောက် ပေးအပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ ပေးအပ်ရာတွင် တောင်ပိုင်းရပ်ကွက် အိမ်ထောင်စု(၁၉)စု၊ မြောက်ပိုင်းရပ်ကွက် အိမ်ထောင် စု(၁၆)စု စုစုပေါင်း (၃၅) စုအား အိမ်ထောင်စု တစ်စုလျှင် ထောက်ပံ့ငွေ (၂၀၀၀၀/-)နှုန်းဖြင့် ရပ်ကွက် အုပ်ချုပ်ရေးမှူး၊ စာရေး၀န်ထမ်းများက လက်၀ယ်အရောက် ထောက်ပံ့ပေးခဲ့ပြီး ကျန်ရှိ နေသေးသော ကျေးရွာ များအတွက်လည်း အုပ်ချုပ်ရေးမှူးနှင့် စာရေး၀န်ထမ်းများက လက်၀ယ်အရောက် ဆက်လက် ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

နန်းဆွေဆွေအေး (ပြန်/ဆက်)