မအူပင် နိုဝင်ဘာ ၁၃
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင်ကိုဗစ်-၁၉ ကာကွယ်ရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ထားသော လမ်းညွှန်ချက်များနှင့်အညီ လိုက်နာနေထိုင်ရန် အတွက် ဆွေးနွေးပွဲကို ယမန်နေ့နေ့လည်ပိုင်းက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေး ခန်းမတွင် ကျင်းပခဲ့သည်။
ဆွေးနွေးပွဲသို့ မြို့နယ်အုပ်ချုပ်ရေးမှူးဦးဝင်းဆန်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ မြို့နယ်ဥပဒေအရာရှိ၊ မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှူးနှင့် ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ထိန်းချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများ တက်ရောက်ကြပြီး ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးကာလသည် ကြာမြင့်လာသဖြင့် ပြည်သူများပေါ့လျော့မှု မဖြစ်ဘဲ သတ်မှတ်စည်းကမ်း များအား လိုက်နာနေထိုင်ကြရန်နှင့် လူစုလူဝေးဖြစ်စေမည့် ကိစ္စရပ်များအားမဆောင်ရွက်ရန် သက်ဆိုင်ရာဌာနတာဝန်ရှိသူများ၏ ထုတ်ပြန်ကြေငြာချက်များအား တိကျစွာလိုက်နာနိုင်ရေး ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
အဆိုပါသက်ကြီးဘိုးဘွားများ ကြိုတင်ဆန္ဒမဲပေးခြင်းကို အောက်တိုဘာ ၂၉ ရက်မှ နိုဝင်ဘာ ၅ ရက်နေ့အထိ ကြိုတင် ကောက်ယူထားသည့် စာရင်းအလိုက် ရပ်ကွက်/ကျေးရွာများတွင် ကွင်းဆင်းဆောင်ရွက် လျှက်ရှိရာ သက်ဆိုင်ရာ ဝင်ရောက်ယှဉ်ပြိုင်သည့် နိုင်ငံရေးပါတီမှ တာဝန်ရှိသူများ လိုက်ပါကာ ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ လွှတ်တော် ရွေးကောက်ပွဲဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အောင်ခိုင် ၊ အောင်မြင့်မြတ်(မအူပင်)