ပျော်ဘွယ်မြို့ရှိ ပြည်သူ့စျေးတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အခြေခံ စားသောက်ကုန်များနှင့် ဆေးဝါး ပစ္စည်းအရောင်းဆိုင်များမှအပ ကျန်ရှိစျေးဆိုင်များ(၃)ရက်ပိတ်သိမ်း

 

ပျော်ဘွယ် နိုဝင်ဘာ ၁၃

ပျော်ဘွယ်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေမှု အခြေအနေများကြောင့် ပြည်သူ့စျေးတွင် အခြေခံ စားသောက်ကုန်များနှင့် ဆေးဝါးပစ္စည်း အရောင်းဆိုင်များမှအပ ကျန်ရှိစျေးဆိုင်များအား (၃)ရက် ပိတ်သိမ်းခြင်းကို ယနေ့မှစတင်ကာ ဆောင်ရွက်ခဲ့ ကြောင်းသိရသည်။

ကိုဗစ်-၁၉ ရောဂါကာလအတွင်း ပြည်သူများအနေဖြင့် အခြေခံစားသောက်ကုန်များ၊ ဆေးဝါးများကို အဆင် ပြေစွာဝယ်ယူနိုင်ရေး အတွက် ပြင်ဆင်ထားရှိပါကြောင်း၊ ကျန်ရှိသည့် အရောင်းဆိုင် များကို လည်း ကိုဗစ်-၁၉ ရောဂါ အန္တရာယ်ကာကွယ်ရေးအတွက် (၃)ရက် ခေတ္တ ပိတ်သိမ်း သွားမည် ဖြစ်ပါကြောင်း၊ ထို့အပြင် အခြေခံစားသောက် ကုန်များ၊ ဆေးဝါးအရောင်းဆိုင်များကို ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များအညီ ရောင်းချ စေရေးတို့ကို စီစဉ်ဆောင်ရွက် ထားကြောင်း တို့ကို မြို့နယ်စည်ပင် သာယာရေးကော်မတီနှင့် စျေးတာဝန်ခံများထံမှ သိရသည်။

ပြည်သူ့စျေးတွင် အမှတ်(၁)နှင့်အမှတ်(၂)စျေး နှစ်ခုရှိပြီး ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် နိုဝင်ဘာလ (၁၃)ရက်နေ့မှ(၁၅) ရက်နေ့ အထိ အခြေခံစားသောက်ကုန်များ၊ ဆေးဝါး အရောင်း ဆိုင်များမှ အပ ကျန်စျေးဆိုင်များကို ခေတ္တပိတ်သိမ်းထားပြီး စျေးတွင်း စျေးပြင်တွင်လည်း ပိုးသတ် ဆေး များပက်ဖျန်းသွားမည်ဖြစ်ကြောင်း သိရသည်။

မင်းမင်းထွေး(ပြန်/ဆက်)