မြစ်သား နိုဝင်ဘာ ၁၃
မန္တလေးတိုင်းဒေသကြီး၊ အမျိုးသမီးကော်မတီနှင့် လူမှုဝန်ထမ်းဦးစီးဌာနတို့ပူပေါင်း၍ အသက် ၁၀နှစ်အောက် ကလေးသူငယ်များ အာဟာရဖွံ့ဖြိုးရေး အဖြစ် နွားနို့တိုက်ကျွေးခြင်းအစီအစဉ်အဖြစ် နို့တိုက်ကျွေးခြင်းကို ယနေ့နံနက်(၉)နာရီက မြစ်သားမြို့နယ် အတွင်းရှိ နေရှင်နယ် ပရဟိတဂေဟာနှင့် ပေတောပရဟိတဂေဟာများသို သွားရောက်တိုက်ကျွေးခဲ့ကြောင်း သိရသည်။
အသက် ၁၀ နှစ်အောက်ကလေးငယ်များအား အာဟာရတိုက်ကျွေးခြင်း အစီအစဉ်အဖြစ် နေရှင်နယ်ပရဟိတဂေဟာရှိ ကလေး(၄၇)ဦး၊ ပေတောပရဟိတဂေဟာရှိကလေး(၅၇)ဦး စုစုပေါင်း (၁၀၄)ဦးတို့အား Mother Milk နို့ဘူးများကို ခရိုင်/မြို့နယ် အမျိုးသမီးကော်မတီ အဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများနှင့် လူမှုဝန်ထမ်း ဦးစီးဌာနဝန်ထမ်းများ ပူးပေါင်း၍ တိုက်ကျွေးခဲ့ကြသည်။
မြစ်သားမြို့နယ်တွင် အောက်တိုဘာ(၈)ရက်နေ့မှ စတင်ကာ အပတ်စဉ် အင်္ဂါနေ့နှင့် သောကြာ နေ့များ၌ ပုံမှန်တိုက်ကျွေးလျက် ရှိကြောင်းနှင့် ရှေးဦးအရွယ် ကလေးသူငယ်ဖွံ့ဖြိုးတိုးတက်ရေး (EDDC) နည်းစနစ်ကို တစ်ဖက်တစ်လှမ်းမှ အထောက်အကူပြုရန် တိုက်ကျွေးခြင်းဖြစ် ကြောင်းသိရသည်။
မြမြမွန် (ပြန်/ဆက်)