မော်တော်ယာဉ်မှတ်ပုံတင်လုပ်ငန်းများ ပြန်လည်ဖွင့်လှစ်ပါက ကျန်းမာရေး လမ်းညွှန်ချက်များနှင့် အညီ ဖွင့်လှစ်နိုင်ရေးကွင်းဆင်းစစ်ဆေး

ဒဂုံတောင် နိုဝင်ဘာ ၁၃

ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်ရွာသာကြီး ရပ်ကွက်ရှိ ကုန်းလမ်း ပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန ကနဦးမော်တော်ယာဉ် မှတ်ပုံတင်ဌာန (ရွာသာကြီး)တွင်လုပ်ငန်းများပြန်လည် ဖွင့်လှစ်ပါက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီဖွင့်လှစ်နိုင်ရေး ကိုဗစ်-၁၉ ထိန်းချုပ် ရေးနှင့်အရေးပေါ် တုံ့ပြန်ရေး ကော်မတီမှ ကွင်းဆင်း စစ်ဆေးခဲ့ကြသည်။

ထိုသို့စစ်ဆေးရာတွင် ယာဉ်မောင်းစစ်ဆေးရေးဌာန ကနဦးယာဉ်မှတ်ပုံတင်ဌာန ယာဉ်မောင်း လိုင်စင်ဌာနကန ယာဉ်စစ်ဆေးရေး ဌာနတို့တွင် တာဝန်ထမ်းဆောင်မည့်ဝန်ထမ်းများနှင့် လာရောက် ဆောင်ရွက်ကြမည့် ပြည်သူများအတွက်ဘေးကင်းလုံခြုံမှု ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ရေး လမ်းညွှန်ချက်များနှင့်အညီ စီစဉ်ဆောင်ရွက် ထားရှိမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးပြီး ထပ်မံ ဆောင် ရွက်ရန်လို အပ်သည်များကို အကြံပြု မှာကြားခဲ့သည်။

အဆိုပါကွင်းဆင်းစစ်ဆေးမှုတွင် မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီနာယက အမှတ်(၁)တိုင်း ဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးညီညီ မြို့နယ် အုပ်ချုပ် ရေးမှူး ဦးရဲအောင်နှင့် ကော် မတီဝင် ဌာနဆိုင်ရာများပါဝင်ကြောင်း မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ သိ ရသည်။

သန်းသန်းအေး(ပြန် /ဆက်)