မအူပင်ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၀-၂၀၂၁ ခု ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်မည့် လုပ်ငန်းများအတွက် အိတ်ဖွင့်တင်ဒါ ဖွင့်ဖောက်စိစစ်ခြင်းအခမ်းအနားကျင်းပ

မအူပင် နိုဝင်ဘာ ၁၃

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန၏ ၂၀၂၀-၂၀၂၁ ခုဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်မည့် လုပ်ငန်းများအတွက် တင်ဒါခေါ် ယူမှုနှင့် အိတ်ဖွင့်တင်ဒါဖွင့်ဖောက်စိစစ်ခြင်း အခမ်းအနားကို မအူပင်ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ယမန်နေ့နေ့လယ် ၁ နာရီက ကျင်းပ ပြုလုပ် သည်။

အဆိုပါ အခမ်းအနားတွင် ခရိုင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက တာဝန်ရှိ သူများ၊ ခရိုင်မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ တင်ဒါတွင်ပါဝင်သည့် ကုမ္ပဏီများ၊ လုပ်ငန်းရှင်များ တက်ရောက်ကြသည်။

၂၀၂၀-၂၀၂၁ ခု ခုဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်မည့် ကျေးလက်ရေရရှိရေးလုပ်ငန်း၊ ရေသန့် စင်စနစ် လုပ်ငန်း၊ ကျေးလက်ကုန်ထုတ် လမ်း၊ ကျေးလက်တံတားလုပ်ငန်းများအား ဆောင်ရွက်မည် ဖြစ်ရာ မအူပင်မြို့နယ်အတွက် တာပတ်အရှေ့ကျေးရွာအုပ်စု ဘုရားသုံးဆူ ကျေးရွာနှင့် ကျုံဝါး ကျေးရွာ အုပ်စု ကဇင်းကုန်းကျေးရွာတို့တွင် တွင်းနက် ၄ လက်မ ၄၀၀ ပေ တစ်တွင်းစီနှင့် လက်ပံ ကုန်းကျေးရွာအုပ်စု ကျီးပင်စုကျေးရွာတွင် ရေသန့်စနစ် (ရေသန့်စက် ၁၀ လုံး) ဂါလံ ၁၀၀၀ ဆန့် (၅)လုံး Overhead 1600 gal၊ ရေသန့်စင်စက်ရုံ၊ Solar+DC Pump & accessories ၁ စုံနှင့် လေသာ ကျေးရွာ ကုန်ထုတ်လမ်းတို့အား ပွင့်လင်းမြင်သာရှိစေရန် တာဝန်ရှိသူများက ဖွင့်ဖောက် စိစစ် ခဲ့ကြောင်းသိရသည်။  

အောင်ခိုင် ၊ အောင်မြင့်မြတ်(မအူပင်)