ကာမိုင်း နိုဝင်ဘာ ၁၃
ကချင်ပြည်နယ် ဖားကန့်မြို့နယ် ကာမိုင်းမြို့ဒေသအတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်း စားများဖြစ်သည့် အိမ်ထောင်စု (၁၇၁၂)စုတို့အတွက် နိုင်ငံတော်မှ စတုတ္ထအကြိမ်အဖြစ် တစ်အိမ် ထောင် စုလျှင် ငွေကျပ်လေးသောင်းစီကို နိုဝင်ဘာ(၁၃)ရက် နံနက်(၉)နာရီက အိမ်တိုင်ရာ ရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ထောက်ပံ့ပေးအပ်ရာ၌ ဖားကန့်မြို့နယ်သည် Stay At Home သတ်မှတ် ထားသော မြို့နယ်ဖြစ်သည့်အတွက် တစ်အိမ်ထောင်စုလျှင် ငွေကျပ်လေးသောင်းစီဖြင့် ကာမိုင်းမြို့ပေါ် ရပ်ကွက် တွင် အိမ်ထောင်စု (၅၈၀)စု၊ ကောင်ရာကျေးရွာတွင် အိမ်ထောင်စု (၂၃၅)စု၊ နန့်စီး အင်ကျေးရွာ အုပ်စုတွင် အိမ်ထောင်စု (၉၆)စု၊ ကထန်ယန်ကျေးရွာအုပ်စုတွင် အိမ်ထောင်စု (၁၉၇)စု၊ ဂေါ်ရီကျေးရွာအုပ်စုတွင် အိမ်ထောင်စု (၂၅၀)စု၊ နန့်ယားကျေးရွာအုပ်စုတွင် အိမ်ထောင်စု (၆၈)စုနှင့် ကပ်မှော်ဇွပ်ကျေးရွာအုပ်စုတွင် အိမ်ထောင်စု (၂၈၆)စု စုစုပေါင်းအိမ်ထောင်စု (၁၇၁၂)စုတို့အတွက် တန်ဖိုးငွေကျပ်(၆၈၄၈၀၀၀၀)တို့ကို မြို့ဌာနဆိုင်ရာတာဝန်ရှိ သူများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေး မှူးနှင့် စာရေးဝန်ထမ်းများ၊ ရာအိမ်မှူးများနှင့် လူမှုကူညီရေး အသင်းအဖွဲ့တို့ကပူးပေါင်း၍ အဖွဲ့များ ခွဲပြီး ပြည်သူများထံသို့ လက်ဝယ်အရောက် နေ့ချင်းပြီး အသီးသီးထောက်ပံ့ ပေးအပ်ခဲ့ကြောင်း မြို့အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
ဇွဲသူရအောင်(ပြန်/ဆက်)