မြန်အောင် နိုဝင်ဘာ ၁၃
ဧရာဝတီတိုင်းဒေသကြီး ၊ မြန်အောင်မြို့နယ်အတွင်း ပုံမှန်ဝင်ငွေမရှိသောအခြေခံ လူတန်းစား အိမ်ထောင်စုများအတွက် နိုင်ငံတော်အစိုးရကထောက်ပံ့ငွေ ပေးအပ်ခြင်းကို ယနေ့ နံနက်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမ၌ ထောက်ပံ့ပေးအပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချိုချိုက အခြေခံလူ တန်းစား အိမ်ထောင်စုများအတွက် ထောက်ပံ့ငွေပေးအပ်သည့် အကြောင်းနှင့်ထောက်ပံ့ငွေများအား ပေးအပ်ရာတွင် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေး ညွှန်ကြားချက်များအတိုင်း ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများမှ အခြေခံလူတန်းစား အိမ်ထောင်စုများအား ထောက်ပံ့ပေးရန် ပြောကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချိုချိုက အခြေခံလူတန်းစား အိမ်ထောင်စု တစ်စုလျှင် ထောက်ပံ့ငွေကျပ် (၂၀၀၀၀) နှုန်းဖြင့် ရပ်ကွက်/ကျေးရွာ အုပ်စု ၇၃ အုပ်စုရှိ အိမ်ထောင်စု (၂၈၈၅၉) စု အတွက် ထောက်ပံ့ငွေစုစုပေါင်း ငွေကျပ် ( ၅၇၇၁၈၀,၀၀၀ )ကို ရပ်ကွက်/ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူးများအား ပေးအပ်ခဲ့သည်။
အဆိုပါ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ် ထောင်စုများအတွက် ထောက်ပံ့ငွေများကို ယမန်နေ့မှစ၍ ကနောင်မြို့ ရပ်ကွက်(၅)ခုနှင့်မြန်အောင်မြို့ပေါ်ရပ်ကွက် (၆)ခုတို့အားပေးအပ်ခဲ့ပြီး ကျန်ရှိသော ရပ်ကွက်/ကျေးရွာ အုပ်စုများကို ယနေ့ ဆက်လက်ပေးအပ်သွားပြီး ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးများမှ တစ်ဆင့် ပြန်လည်ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချိုချိုထံမှ သိရသည်။
ဝင်းဗိုလ် (ပြန်/ဆက်)