သဲကုန်းမြို့နယ်၊ ဖားစမ်းကန်ကျေးရွာရှိ မိုးစပါးရတနာတိုး မျိုးစေ့ထုတ်စိုက်ကွက်အား စံကွက်ရိတ်သိမ်း

သဲကုန်း  နိုဝင်ဘာ  ၁၃

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနနှင့် သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများက သဲကုန်းမြို့နယ် ဖားစမ်းကန်ကျေးရွာတွင် CERP အစီအစဉ်ဖြင့် ဆောင်ရွက်ထားရှိသည့် မိုးစပါးရတနာတိုး မျိုးစေ့ထုတ်စိုက်ကွက်အား စံကွက်ရိတ်သိမ်းခြင်းကို ယနေ့နံနက်()နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်စိုးဝင်း၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူးဦးဝင်းနိုင်ဆွေ၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်း အင်းဦးစီးဌာနဦးစီးမှူး ဦးကြင်ထွန်း၊ မြို့နယ်ပြန်/ဆက်ဦးစီးမှူး ဦးနိုင်လင်းနှင့် တာဝန်ရှိသူများမှ သဲကုန်းမြို့နယ် ဖားစမ်းကန်ကျေးရွာရှိ တောင်သူဦးဝင်းဘို၏စိုက်ကွက်အတွင်းရှိ ၁၀ ဧက အား စံကွက်ရိတ်သိမ်းခဲ့ရာ စပါးအစိုထွက် တစ်ဧကအထွက်နှုန်း ၉၉၁၆ တင်းခန့် ထွက်ရှိကြောင်း မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မှ သိရှိရသည်။

သဲကုန်းမြို့နယ်တွင် CERP အစီအစဉ်ဖြင့် မိုးစပါးမျိုးစေ့ထုတ်အမျိုးအစားများဖြစ်သည့် ရတနာတိုး၊မှော်ဘီ()၊ရက်(၉၀) မျိုးစပါးများကို မြို့နယ်အတွင်းတွင် (၁၂၃၉၅၀)ဧက စိုက်ပျိုးထားရှိပြီး မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနဝန်ထမ်းများ အနေဖြင့် အဆိုပါမိုးစပါးမျိုးစေ့ ထုတ်စိုက်ကွက်များအတွင်း မိုးစပါးမျိုးကောင်းမျိုးသန့် များရရှိနိုင်ရေး၊ စိုက်ကွက်အတွင်း ရောဂါပိုးမွှားများ ကျရောက်မှုမရှိစေရေးနှင့်ပေါင်းမြက်များ ကင်းရှင်းရေးတို့အတွက် ဒေသခံတောင်သူများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

နိုင်လင်း(သဲကုန်းပြန်/ဆက်)