ငဖဲမြို့နယ်၌ရွေးကောက်ပွဲတွင်တာဝန်ထမ်းဆောင်ခဲ့သည့် အထူးရဲတပ်ဖွဲ့ဝင်များအားဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်

ငဖဲ နိုဝင်ဘာ ၁၃

၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မင်းဘူးခရိုင် ငဖဲမြို့နယ် အတွင်းရှိ မဲရုံများ၌လုံခြုံရေး တာဝန်ထမ်းဆောင်ခဲ့သည့် အထူးရဲတပ်ဖွဲ့ဝင်များအား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ပွဲအခမ်းအနားကိုယနေ့နံနက် ၉နာရီက ငဖဲမြို့အခြေခံပညာ အထက်တန်းကျောင်းခန်းမ၌ကျင်းပခဲ့သည်။

အခမ်းအနားတွင် ငဖဲမြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူးစိန်သောင်းက ၂၀၂၀ပြည့်နှစ် နိုဝင်ဘာလ ၈ရက်နေ့တွင် ကျင်းပသော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ တတိယအကြိမ်မြောက် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပ ပြီးစီးနိုင်ရေးအတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် အထူးရဲတပ်ဖွဲ့ဝင်များက လုံခြုံရေးနှင့်တရား ဥပဒေစိုးမိုးရေး တာဝန် များကို ကျေပွန်စွာ ထမ်းဆောင်နိုင်ခဲ့သောကြောင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ဂုဏ်ပြုမှတ်တမ်းလွှာ များကို ပေးအပ်ရခြင်း ဖြစ်ကြောင်း အမှာစကားပြောကြားပြီး ဂုဏ်ပြုမှတ်တမ်းလွှာများကို ပေးအပ်ရာ အထူးရဲတပ်ဖွဲ့ဝင် များ ကိုယ်စား တပ်ဖွဲ့ဝင်တစ်ဦးမှ လက်ခံရယူခဲ့သည်။

၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ငဖဲမြို့နယ်အတွင်းရှိမဲရုံ ၇၈ရုံ၌ အထူးရဲတပ်ဖွဲ့ဝင် ၇၈ ဦးနှင့်မြို့နယ်ရဲတပ်ဖွဲ့ဝင်များက မဲရုံလုံခြုံရေးတာဝန်များ ထမ်းဆောင်ခဲ့ကြကြောင်းသိရသည်။

မယု(ငဖဲ)