လှိုင်သာယာ(အနောက်ပိုင်း) နိုဝင်ဘာ ၁၃
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင် ၊လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်တွင် ကိုဗစ်−၁၉ရောဂါ ကာကွယ်ထိန်းချုပ် ရေး ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစား အိမ်ထောင်စုများအတွက် စတုတ္ထ အကြိမ်မြောက် နိုင်ငံတော် မှထောက်ပံ့သည့် ထောက်ပံ့ငွေများကို ယနေ့နံနက်ပိုင်းမှစ၍ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးများ တွင်ပေးအပ် လျက်ရှိသည်။
ထိုသို့ပေးအပ်ရာတွင် ဌာနဆိုင်ရာများနှင့် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်အတွင်းရှိ ရပ်ကွက်(၁၁)ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၄)အုပ်စုရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံအိမ်ထောင်စု များအား(၁၀၁၀၈၅)စုအား တစ်အိမ်ထောင်စုလျှင် ငွေကျပ် (၄၀၀၀၀ိ/)နှုန်းဖြင့် စုစုပေါင်း ငွေကျပ် (၄၀၄၃၄၀၀၀၀၀) ကျပ်ထောက်ပံပေးအပ်လျက်ရှိသည်။
လှိုင်သာယာယာ(အနောက်ပိုင်း)မြို့နယ်သည် လူဦးရေထူထပ်များပြားပြီး အခြေခံလူတန်းစားများ အများဆုံနေထိုင်ရာ မြို့နယ် တစ်ခုဖြစ်ပြီး မြို့နယ်အတွင်းနေထိုင်သည့် အခြေခံလူတန်းစား အိမ်ထောင်စု ၈၀.၃၁ရာခိုင်နှုန်းထောက်ပံ့ပေးသွား မည်ဖြစ်ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
မြသန္တာဝင်း(ပြန်/ဆက်)